ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကော်မရှင် တပ်နဲ့ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်‌‌ဒေသပါဝင်တဲ့ ကချင်အထူးဒေသ(၁) တစ်ခုလုံးကို ၂၀၂၄ နှစ်ကုန်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က နံနက်ပိုင်း နာရီပိုင်းအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းမှာလည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆုံးရှုံးထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်း အင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

Video- ရေခဲ ငါး
0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်သည့် ရုပ်သံဖိုင် Justice Soldier PDF ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင် ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ Justice Soldier PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မောင်းမကန်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်သား ၈ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။
Read More

ပုသိမ်ကြီးမြို့အနီး ၄.၇ အင်အားရှိ ငလျင်လှုပ်ခတ် (ရုပ်/သံ)

ဒီနေ့ မနက်အစောပိုင်းက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်တာစကေး ၄.၇ အဆင့် အင်အားအသင့်တင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မနေ့ညပိုင်းက ရထားလိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၃၂ နဲ့ ၅၂ လမ်းထောင့်မှာ ဧပြီ ၁ ရက် မနေ့ညပိုင်းက ရထား လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။