စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-ကျောက္ကာလမ်းပိုင်းအတိုင်း ၁ လကျော်ကြာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လက်ရှိမှာလည်း သမိုင်းဝင်ရွှေဂူနီဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကစလို့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ စီးပွားရေးတက္ကသိုလ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းအပါဝင် ကျောက္ကာ-ဗောဓိလမ်းပိုင်းတွေကို သံချပ်ကာကားတွေ၊ စစ်မှုထမ်း(ပစ) အင်အားတွေ သုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အရာတော်မြို့နယ်အတွင်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေလည်း ရှိသလို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအကြမ်းဖက်စစ်ကြောင်းဟာ ညောင်ပင်ရွာသစ်၊ ရေနံကုန်း၊ ကျောက္ကာတောင်ရွာ၊ မြောက်ရွာစတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စု သတ်ဖြတ်ထားတဲ့ အရပ်သားအလောင်းတွေကိုလည်း တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန် တွေ့ရှိတာတွေ ရှိသလို ကျောက္ကာရွာအတွင်း လေဖြတ်နေတဲ့ သက်ကြီးပိုင်းအမျိုးသမီးကြီး ၁ ယောက်လည်း မီးရှို့သတ်ဖြတ်ခံရကြောင်း မုံရွာပကဖ တာဝန်ရှိသူက ပြောပါတယ်။

အခုလိုမျိုးဆိုးရွားနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေကဩဂုတ်လ ၈ ရက်ကနေ ၁၁ ရက်အတွင်း ဖြတ်တောက်ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ အင်အားတွေ ထပ်မံဖြည့်တင်းရင်း ကျောက္ကာလမ်းပိုင်းက ရွှေဂူနီဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲသွားခဲ့တယ်လို့ မုံရွာပကဖ တာဝန်ရှိသူက ပြောပါတယ်။
တပ်စွဲသွားတဲ့ စစ်အုပ်စုတွေကို ဩဂုတ်လ ၂၀ ရက်အပါအဝင် စက်တင်ဘာလ ၁၂ ရက်နဲ့ ၁၆ ရက်တွေမှာလည်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ၊ မဟာမိတ်တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အဖက်ဖက်က လိုအပ်ချက်တွေရှိနေတာကြောင့် အပြီးသတ် ချေမှုန်းတိုက်ခိုက်နိုင်ခြင်း မရှိဘူးလို့လည်း မုံရွာ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

” အစပိုင်း သူတို့စစ်ကြောင်းဝင်လာချိန်မှာ ဖြစ်ခဲ့တဲ့ ထိတွေ့မှုတွေမှာ အသေအပျောက်များပါတယ်။ ဒါပေမယ့် အင်အားတွေ ထပ်ဖြည့်ပြီး ၄၀၀ ကျော်လောက်နဲ့ ထိုးလာတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပြောက်ကျားပဲ တိုက်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ သူတို့အထိုင်ချဖို့ ကြံရွယ်နေတဲ့ ရွှေဂူနီ ဘုရားအနီးကို ဝင်တိုက်ခဲ့ပါတယ်။ ​ဒါပေမယ့် လိုအပ်ချက်တွေ ရှိခဲ့တဲ့အတွက် ရည်မှန်းချက်ကို မရောက်ခဲ့ရတာ ပြည်သူလူထုကို လွန်စွာ အားနာမိပါတယ်” လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးတွေမှာ မုံရွာမြို့နယ်ပကဖ အမှတ် (၁၊၂၊၃၊၄၊၅) တိုက်နယ် တိုက်ခိုက်ရေးအဖွဲ့တွေနဲ့အတူ မုံရွာမြို့နယ်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-Tribal Force၊ မုံရွာမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-Monywa Special ဒိတ်ဒိတ်ကြဲ၊ မုံရွာခရိုင် အမှတ်၆၊၇၊၁၆၊၂၄ တပ်ရင်းများ၊ ဗျူဟာ ၆၆၊ ဘုတလင် တပ်ပေါင်းစု စစ်ကြောင်း၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့နယ် ပကဖများ၊ တမာတပ်ပေါင်းစု၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့နဲ့ မုံရွာခရိုင်ပကဖ တိုက်ခိုက်ရေးတပ် Danger Force၊ ရေနဂါး(YNG)၊ Chindwin Dynamite Salingyi LDF၊ Shadow Assassin LDF၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင်စစ်ဌာန Drone တပ်ဖွဲ့၊ မုံရွာခရိုင်စစ်ဌာန လက်နက်ကြီးတပ်ဖွဲ့၊ Area 71 LDF တို့ပါဝင်ခဲ့ကြောင်းသိရပါတယ်။

လက်ရှိမှာလည်း မုံရွာ-ကျောက္ကာလမ်းပိုင်းကို ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် အကန့်သတ်မရှိ ပိတ်ထားရကြောင်း မုံရွာ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

” အခုထိလမ်းပိုင်းကတော့ ပိတ်ထားဆဲပါ။ ဒီကောင်တွေက ရွှေဂူနီမှာ ထိုင်နေတော့ အန္တာရာယ်များလို့ပါ။ စစ်ရေးတင်းမာနေဆဲလို့ပြောရမယ်။ ကျနော်တို့ပြောက်ကျားခုခံတိုက်ခိုက်နေဆဲပါ။ သူတို့က ရှေးဟောင်းဘုရားကြီး ပရဝဏ်ထဲတပ်စွဲနေတာ ဆိုတော့ ဘေးပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် တတ်နိုင်သလောက် ထိန်းချုပ်ပြီး စစ်ရေးဖော်ဆောင်ရပါတယ်။ ဒါပေမယ့်သူတို့ကတော့ ဒါတွေမတွေးဘူး။ လက်နက်ကြီးတွေထု၊ ပါရာမော်တာတွေနဲ့ချတာပါပဲ။”လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – အကြမ်းဖက်စစ်ကြောင်းအား မုံရွာပကဖနှင့် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည့် ပုံရိပ်များ…
0 Shares:
You May Also Like
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောသရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ - အမှတ် ၁၂၂၂ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် ၂ ရက်တာ ဒရုန်းစစ်ဆင်ရေးအတွင်း ခရိုင်ရဲမှူးသားအပါအဝင် စစ်အုပ်စု ထိခိုက်မှုတွေ ရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရိုင်ရဲမှူးသား အပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။