စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့ ရဲစခန်းကို မနေ့က စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဇီးကုန်းမြို့ ရဲစခန်းမှာရှိတဲ့ ရဲအရာရှိငယ်တွေအပါအဝင် ၆ ယောက် သေပြီး ဖမ်းဆီးရမိသူတွေရှိသလို လက်နက်တချို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရှိခဲ့ပါတယ်။

စီးနင်းတိုက်ခိုက်မှုအတွင်း ရဲဗိုလ်လေးနဲ့ ရဲတပ်သား စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ကာ ဗိုလ်လေး ၂ ယောက်၊ ရဲတပ်သား ၂ ယောက်နဲ့ ရဲမိသားစုဝင်တချို့ကို ဖမ်းမိခဲ့ပြီး အချုပ်ထဲမှာ ဖမ်းဆီးခံထားရသူ ၃ ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရိုင်ဖယ်သေနတ် ၉ လက်၊ G4 ၁ လက်၊ MA15 ၁ လက်နဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်း အဆောက်အအုံတချို့ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လျှပ်တပြက် စီးနင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းက ဦးဆောင်ပြီး ဓူဝံပကဖ အပါအဝင် နယ်မြေခံ ပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။