စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့ ရဲစခန်းကို မနေ့က စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဇီးကုန်းမြို့ ရဲစခန်းမှာရှိတဲ့ ရဲအရာရှိငယ်တွေအပါအဝင် ၆ ယောက် သေပြီး ဖမ်းဆီးရမိသူတွေရှိသလို လက်နက်တချို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရှိခဲ့ပါတယ်။

စီးနင်းတိုက်ခိုက်မှုအတွင်း ရဲဗိုလ်လေးနဲ့ ရဲတပ်သား စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ကာ ဗိုလ်လေး ၂ ယောက်၊ ရဲတပ်သား ၂ ယောက်နဲ့ ရဲမိသားစုဝင်တချို့ကို ဖမ်းမိခဲ့ပြီး အချုပ်ထဲမှာ ဖမ်းဆီးခံထားရသူ ၃ ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရိုင်ဖယ်သေနတ် ၉ လက်၊ G4 ၁ လက်၊ MA15 ၁ လက်နဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်း အဆောက်အအုံတချို့ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လျှပ်တပြက် စီးနင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းက ဦးဆောင်ပြီး ဓူဝံပကဖ အပါအဝင် နယ်မြေခံ ပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကချင်ပြည်နယ်အစပ်ရှိ ကျေးရွာများတွင် SNA တပ် တပ်စွဲထား၊ ရွာထဲရှိ ပြည်သူများကို တပ်သားသစ် စုဆောင်းမှုပြုလုပ်နေ…

“၁ ရက်နေ့ကတည်းစစ်ကြောင်းထိုးတာ ၂ ရက်နေ့မနက်မှ ကျနော်တို့သတင်းရတာ ၊ အဖမ်းခံရတဲ့သူတွေထဲမှာ အသက် ၆၀ ကျော် ဘိုးတော်တွေပါသွားတယ်လို့ ကြားတယ် ရွာထဲမှာတော့ လူကမရှိသလောက်ပါပဲ အခုအဖမ်းခံရတဲ့သူတွေက ရွှေမှော်လုပ်နေတဲ့သူတွေပါသွားတယ်၊ ဆရာတွေကလည်း ရွာထဲက ကလေးတွေကို ဒီလိုမဖြစ်ရလေအောင် ဒီအတိုင်းလေးပဲသင်ပေးတဲ့ဆရာတွေ” လို့ ဗန်းမောက် ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၇၀၃ (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ပေါ်ကျောင်း ပြိုကျပျက်စီးပြီး သက်တော် ၈၀ အရွယ် ကျောင်းထိုင်ဘုန်းကြီး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မင်းစုံတောင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ တော​င်ပေါ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သက်တော်၈၀အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အလင်းဝင်သူ ၃ ယောက်နဲ့ နေပြည်တော် ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

Dawei Defense Team – DDT မှ ကျဆုံးခေါင်းဆောင်နှင့် ရဲဘော်များအတွက် (၄)နှစ်ပြည့် ဆွမ်းကပ်အလှူပြုလုပ်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် (Dawei Defense Team - DDT ) က ကျဆုံးခဲ့တဲ့ လက်ဦးဆရာကိုတင်နိုင် (ခေါ်) ရဲဘော် ဂျိမ်းစ်ဘွန်းနဲ့ ရဲဘော် ကိုရှိုင်း တို့အတွက် ဇူလိုင်လ ၇ ရက်မနေ့က သံတေတော်တွေကို (၄)နှစ်ပြည့် နှစ်ပတ်လည် နေ့လယ် ဆွမ်းကပ်လှူဒါန်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။