တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါ ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းကစလို့ ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲတွေမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က Y12 လေယာဥ်အသုံးပြုပြီး ထားဝယ်မြို့နယ်အတွင်းက ပကာရီ၊ ပခပ်၊ ရေဝိုင်း စတဲ့ကျေးရွာတွေအပြင် သရက်ချောင်းမြို့နယ်ရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုးနဲ့ လောင်းလုံးမြို့နယ်အတွင်းက ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်းကျေးရွာတွေဆီ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေထဲ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာက နေအိမ်ခြံဝင်းတစ်ခုအတွင်း ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာမှာ အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ပြောပါတယ်။

လေယာဥ်ဗုံးထိမှန်မှုကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်တင်ရှိန်ဆိုသူနဲ့ သမက်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုးတို့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် ဦးယူစိန်နဲ့ ကလေးငယ်တွေအပါ ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ Y12 သယ်ယူပို့ဆောင်ရေးလေယာဥ် အသုံးပြုပြီး ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဗုံးကြဲခဲ့တဲ့နေရာတွေဟာ အရပ်သားနေထိုင်ရာ ကျေးရွာတွေပဲဖြစ်တာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်တာလို့လည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်မြို့ကို လာဖို့ရှိတာကြောင့် အခုလို တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သူနှင့် ပျက်စီးသွားသည့် နေအိမ်အား တွေ့ရစဥ် (ဓာတ်ပုံ DDMSC)

0 Shares:
You May Also Like
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

ပုလဲတွင် လမ်းမှားပြီးရောက်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ…

“နယ်မြေမကျွမ်းကျင်မှုတွေရော သူတစ်ယောက်တည်းကွဲပြီးတော့ တောထဲမှာ ရောက်လာတယ်။ တောထဲမှာရောက်လာတော့ ကျနော်တို့ အမြဲတမ်း အထိုင်ချကာထားတဲ့ ကာကင်းဘက် မျက်စိလည်လမ်းမှားရောက်လာလို့ ကျနော်တို့ ရဲဘော်လက်ထဲ ဖမ်းမိလိုက်တာ ” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။