တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါ ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းကစလို့ ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲတွေမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က Y12 လေယာဥ်အသုံးပြုပြီး ထားဝယ်မြို့နယ်အတွင်းက ပကာရီ၊ ပခပ်၊ ရေဝိုင်း စတဲ့ကျေးရွာတွေအပြင် သရက်ချောင်းမြို့နယ်ရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုးနဲ့ လောင်းလုံးမြို့နယ်အတွင်းက ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်းကျေးရွာတွေဆီ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေထဲ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာက နေအိမ်ခြံဝင်းတစ်ခုအတွင်း ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာမှာ အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ပြောပါတယ်။

လေယာဥ်ဗုံးထိမှန်မှုကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်တင်ရှိန်ဆိုသူနဲ့ သမက်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုးတို့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် ဦးယူစိန်နဲ့ ကလေးငယ်တွေအပါ ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ Y12 သယ်ယူပို့ဆောင်ရေးလေယာဥ် အသုံးပြုပြီး ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဗုံးကြဲခဲ့တဲ့နေရာတွေဟာ အရပ်သားနေထိုင်ရာ ကျေးရွာတွေပဲဖြစ်တာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်တာလို့လည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်မြို့ကို လာဖို့ရှိတာကြောင့် အခုလို တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သူနှင့် ပျက်စီးသွားသည့် နေအိမ်အား တွေ့ရစဥ် (ဓာတ်ပုံ DDMSC)

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများကို ကနီနှင့် မင်းကင်းကြားတွင် တော်လှန်ရေးတပ်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။