အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲနှိုက်ကာ စစ်ကော်မရှင်တပ်ထဲ ရောက်သွားခဲ့တဲ့ တပ်သား ဖြိုးမင်းစံ ဆိုသူဟာ စက်တင်ဘာ ၉ရက် မနေ့က မနက်ပိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဖြိုးမင်းစံဟာ စစ်မှုထမ်း မဲပေါက်ကာ ကျိုင်းတောင်း အမှတ် (၃) အခြေခံစစ်သင်တန်းကျောင်းမှာ ကာလတိုသင်တန်း ၃လ တက်ရောက်ခဲ့ရပါတယ်။ အဲဒီနောက် ကလော တပ်မ (၅၅) တပ်ရင်းအမှတ် ခလရ (၇) တပ်ရင်းမှာ တပ်သားအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

“စစ်ကော်မရှင်တပ်အတွင်းမှာ အလိုမတူဘဲ စစ်မှုထမ်းခေါ်ခံရသူတွေဟာ နေ့တိုင်းနီးပါး ထွက်ပြေးလွတ်မြောက်နေသူတွေ အများအပြားရှိနေတယ်” လို့ ဘက်ပြောင်းခိုလှုံလာသူ ဖြိုးမင်းစံက ပြောခဲ့တယ်လို့ Danu People’s Liberation Front – DPLF က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်ဟာ မြန်မာနိုင်ငံတဝှမ်းက လူငယ်လူရွယ်တွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်ကာ တပ်သားသစ်အဖြစ် စုဆောင်းနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိရာဆီ အပြင်းအထန် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လာနေပြီး ရှေ့တန်းစစ်မျက်နှာတွေမှာလည်း စစ်မှုထမ်းတပ်သားတွေကို အများအပြား အသုံးချနေတာ ဖြစ်ပါတယ်

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် - ၁၅ က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးအပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ ၂ယောက် နေအိမ်ထဲအထိ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ရာ နေရာတင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်အောင်ဆိုသူနဲ့ သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေတို့ နေအိမ်အတွင်းရှိနေချိန် လူ၄ယောက်က ဆိုင်ကယ်၂စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ချက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။