မွန်ပြည်သစ်ပါတီကနေ သင်ကြားပို့ချပေးနေတဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်နေတဲ့ မွန်အမျိုးသားကောလိပ် ကျောင်းသူ ၁ယောက်ဟာ သင်တန်းတက်ရောက်နေချိန် ကာလအတွင်းမှာပဲ နှလုံးဖောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့၊ ညနေပိုင်း သင်တန်းဆင်းချိန် သေနတ်ဖောက်ရာမှာ သေနတ်သံကို ကြားပြီးနောက် အဆိုပါအမျိုးသမီးဟာ နှလုံးခုန်မြန်လာပြီး နှလုံးဖောက် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး မွန်အမျိုးသားကောလိပ်မှာ ပညာသင်ကြားနေသူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

သေဆုံးသူ အမျိုးသမီးကို မြေချစဉ် (ဓာတ်ပုံ လူမှုကွန်ရက်)

“အခုက ကောင်မလေးက ရောဂါအခံက ရှိနေတာ… အဲ့ဒါကို ကျောင်းကပဲ မသိတာလား… သူကပဲ မပြောတာလားတော့ မသိဘူးပေါ့နော်။ ဖြစ်ဖြစ်ချင်း ဆေးခန်းပို့သေးတယ်တဲ့ မမှီလိုက်တာ” လို့ မွန်ပြည်သစ်ပါတီနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။

မွန်အမျိုးသားကောလိပ်မှာ ကျောင်းတက်ရောက်နေသူတွေ အားလုံးနီးပါးဟာ ကောလိပ်ပညာရေး သင်ကြားပြီးတာနဲ့ မွန်ပြည်သစ်ပါတီက ပြုလုပ်တဲ့ အခြေခံ စစ်သင်တန်းကို တက်ရောက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအခြေခံစစ်သင်တန်းဟာ အချိန် ၃လ ကြာမြင့်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို သီးသန့် စစ်သင်တန်းပို့ချပေးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီကတော့ တစုံတရာ ထုတ်ပြန်လာတာမျိုး မတွေ့ရှိရသေးပါဘူး။

0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းပြီးမြောက်လာတဲ့ ရေးပြောက်ကျားတပ် ထူးချွန်ဆုရရဲဘော်များကို ဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF)က အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆောတွင် စစ်ကောင်စီ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ၊ ၈ နှစ် ကလေးငယ်အပါ အမျိုးသမီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာက ၈နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

အောင်လံမြို့နယ်တွင် စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ၊ စစ်ဆေးမေးမြန်းချိန် ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်ရာ သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကနေ လူစုကွဲလာတဲ့ စစ်သား ၁ ယောက်ကို လက်နက်နဲ့ အရှင်ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ တောင်တွင်းကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။