မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အရှေ့ဘက် ကမ်းပါးနီစိုက်ကွင်းမှာ ညအိပ်တောင်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ မြင်းကျကန်ရွာနေ အမျိုးသား၂ယောက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၆ ရက် ညပိုင်းမှာပစ်သတ်ပြီး အလောင်းကို တဲအနီးမှာပဲ မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။

“ရွာက ဆွေမျိုးတွေက သူတို့ဆီ ဖုန်းဆက်တာ မကိုင်တော့စိတ်ပူကြတယ်။ နောက်ပြီး ၆ ရက်နေ့ ညပိုင်းက တဲနားကနေ သေနတ်သံတွေထွက်ထားတော့ စိုးရိမ်တကြီး လိုက်ရှာကြတယ်ပေါ့။ အဲ့မှာ ညအိပ်တဲ့ တဲထဲကနေ သွေးစို အဝတ်တွေ၊ ဖုန်းတွေနဲ့ ဖိနပ်တွေတွေ့ရတယ်။ နောက်ပြီး တဲနားမှာ အလောင်းမြှုပ်ထားတဲ့ မြေပုံအသစ်တစ်ခုကို တွေ့ရတယ်ပေါ့။ အဲ့ဒီကျန်ရစ်သူမိသားစုဝင်တွေက မြေပုံကို တူးဖော်ဖို့ကြိုးစားတော့ စစ်သားတွေက မြေပုံကိုထိခွင့်မပေးဘူး။ အထက်အမိန့်အရလုပ်တယ်ဆိုပြီး လာလမ်းအတိုင်းပြန်ခိုင်းတယ်။ ခြိမ်းခြောက်တယ်ပေါ့။ နောက်ဆုံး တဲနားမှာတောင် မိသားစုကို ငိုခွင့်မပေးပါဘူး”လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အနီးအနားက တဲတွေရဲ့ ပြောဆိုချက်အရ ပစ်သတ်ခံရသူတွေဟာ ညပိုင်း တဲတစ်ခုနဲ့တစ်ခု သွားလည်ကြရာကနေ အကြမ်းဖက်စစ်သားတွေနဲ့တွေ့ပြီး ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

ဒီပစ်ခတ်မှုအပြီး အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေ မြင်းကျကန်ရွာ အုပ်ချုပ်ရေးမှူးက စိုက်ကွင်းနေ တောင်သူတွေကို တစ်ယောက်မကျန် ရွာထဲပြန်ဝင်ဖို့ အတင်းအကြပ်ခေါ်ဆောင်ခဲ့သလို ညမထွက်ရအမိန့်လည်း ကြေညာခဲ့ကြောင်း သိရပါတယ်။

ဝမ်းတွင်းမြို့နယ်ဟာ အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အားဖြည့်တင်းတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိ အရပ်သားတောင်သူ ၂ ယောက် ပစ်သတ်ခံရမှု ဖြစ်စဥ်ကိစ္စကိုလည်း ဖိအားပေးဖုံးဖိထားကြောင်း သိရပါတယ်။

“၆ရက်နေ့ည ဖြစ်ပြီး ၇ ရက်နေ့ သိသွားတော့ စိုက်ကွင်းကသူတွေကို အုပ်ကြီးက ရွာထဲပြန်ခေါ်တယ်။ မနက် ၆ ည ၆ အပြင်မထွက်ရအမိန့်လည်း ထုတ်လိုက်တယ်ပေါ့။ တောင်သူတွေအတွက် အဲ့စိုက်ကွင်းက ရေမြေကောင်းလွန်းလို့ ရွာနဲ့ဝေးတာတောင် အဲ့မှာပဲသွားစိုက်ကြတာ။ အခုဒီကိစ္စဖြစ်ပြီးတော့ ပြည်သူတွေခမျာ ကြောက်ပြီး ဘယ်မှမသွားရဲကြတော့သလို ဘယ်သူမှလည်းမပြောရဲကြတော့ဘူး” Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၂၄၀ ကျော်နဲ့ ဆေးရုံဆေးခန်း ၃၅၀ ကျော်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့

နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၄၀ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၃၅၀ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

မိမိက နိုင်ငံကို တိုးတက်အောင်လုပ်နေပြီး တိုင်းရင်းသားခေါင်းဆောင်တွေက တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတယ်လို့ နှစ်သစ်အစမှာ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖက်ဒရယ်နဲ့ တိုင်းရင်းသားအခွင့်အရေးလို့ပြောနေပေမယ့် လက်တွေ့မှာ နိုင်ငံကို ပြိုကွဲအောင်လုပ်ဆောင်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းကြောင့် သေဆုံးမှု မြင့်တက်လာနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ (၁၅) ဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “၈၀ချစ်တယ်” ဟူသော စာတန်း ချိတ်ဆွဲဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်" ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။