ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရဲဘော် မောင်ကျော့ကင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ ဒီးမော့ဆိုမြို့ တိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်မှာတော့ မြေချသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ရဲဘော်မောင်ကျော့ကင်းဟာ ကျဆုံးချိန်မှာ ၄ နှစ်အရွယ် ကလေး တစ်ယောက်နဲ့ ၆ လအရွယ် ကလေးတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျဆုံးရဲဘော် မောင်ကျော့ကင်းဟာ KNDF တပ်ရင်း ၈ က ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) ကို တင်ရောက်ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ပြီး တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲဘော်မောင်ကျော့ကင်းတို့ မွေးချင်း ညီအစ်ကိုနှစ်ယောက်ဟာ ရဲဘော်တွေအဖြစ် အတူတူ တာဝန်စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ရှေ့တန်းထွက်ဖို့ တစ်ကြိမ်တစ်ခါမှ မငြင်းဆိုခဲ့ဖူးတဲ့ ရဲဘော်တွေ ဖြစ်တယ်လို့ KNDF တပ်ရင်း ၈ က ဆိုပါတယ်။

KNDF အမှတ် ၈ တပ်ရင်းအနေနဲ့ ရဲဘော်မောင်ကျော့ကင်းအပါအဝင် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်  မိသားစုဝင်တွေနဲ့ တပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

TNLA က တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

KIA ပစ်ချလိုက်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တွင် အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထား

အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။
Read More

နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၈ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းက နှစ်ပေါင်း ၅၀ နီးပါးကြာ တပ်စွဲထားတဲ့ မူသယ် အခြေစိုက် ခူသေစိုး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့၏ မြေပြင်သပိတ်များ ဘေးကင်းစေကြောင်း NUG သဝဏ်လွှာပေးပို့

မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။