ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရဲဘော် မောင်ကျော့ကင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ ဒီးမော့ဆိုမြို့ တိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်မှာတော့ မြေချသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ရဲဘော်မောင်ကျော့ကင်းဟာ ကျဆုံးချိန်မှာ ၄ နှစ်အရွယ် ကလေး တစ်ယောက်နဲ့ ၆ လအရွယ် ကလေးတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျဆုံးရဲဘော် မောင်ကျော့ကင်းဟာ KNDF တပ်ရင်း ၈ က ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) ကို တင်ရောက်ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ပြီး တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲဘော်မောင်ကျော့ကင်းတို့ မွေးချင်း ညီအစ်ကိုနှစ်ယောက်ဟာ ရဲဘော်တွေအဖြစ် အတူတူ တာဝန်စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ရှေ့တန်းထွက်ဖို့ တစ်ကြိမ်တစ်ခါမှ မငြင်းဆိုခဲ့ဖူးတဲ့ ရဲဘော်တွေ ဖြစ်တယ်လို့ KNDF တပ်ရင်း ၈ က ဆိုပါတယ်။

KNDF အမှတ် ၈ တပ်ရင်းအနေနဲ့ ရဲဘော်မောင်ကျော့ကင်းအပါအဝင် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်  မိသားစုဝင်တွေနဲ့ တပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF-Asho အရှင်မိ

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

BNRA ဟာ ထူးခြားသော ဝိသေသရှိသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟု KNU ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ဖော်ဆောင်နေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ ဒီနေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။