မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ (၂)စီးနဲ့ အချိန် ၁၀ မိနစ်အတွင်း ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာက ကြဲချခဲ့တဲ့ ဗုံးသီးတွေဟာ မိုးကုတ်မြို့ ဆေးရုံကြီးအနောက်ဘက်နဲ့ စျေးဟောင်းရပ်ကွက်ထဲကို (၂)လုံး၊ ပတ္တမြားငမောက်ရပ်ကွက်ကို (၁)လုံးနဲ့ အစိုးရဘဏ်အနီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ယောက် အပါအဝင် အရပ်သားပြည်သူ (၄) ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာ၊ ရပ်ကွက် စတဲ့ အများပြည်သူ နေထိုင်ရာနေရာတွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို နေ့စဥ်နဲ့အမျှ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ထားဝယ်အခြေစိုက် ခမရ ၄၀၁ မှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ဖြင့် အလင်း၀င်လာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

မန္တလေးနဲ့ မဝေးတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကို မီးရှို့၊ စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးတွေပါ ပစ်ခတ်နေ

မန္တလေးမြို့အနီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် အဆောက်အဦး ၈ သောင်းကျော် ပျက်စီးခဲ့ဟု စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတစ်၀န်း အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်ပါတယ်။