မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၁၄ ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး အယောက် (၅၀) နဲ့ အမျိုးသား (၁၀၄) ယောက်၊ စုစုပေါင်း (၁၅၄) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေအထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၂၆) ယောက် ပါဝင်တယ်လို့လည်း AAPP က ဆိုပါတယ်။

သေဆုံးသူ (၁၅၄) ယောက်ထဲက (၇၉) ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး (၂၃) ယောက်ကတော့ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုချိန်ကစလို့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၇၀၆၅) ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ PDF ရဲဘော်များ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကိုဗစ်ချေးငွေပြန်မဆပ်သည့် လုပ်ငန်းများကို သတင်းစာမှာ အမည်နှင့်တကွ ကြေညာမည် ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

BNRA ဟာ ထူးခြားသော ဝိသေသရှိသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟု KNU ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ဖော်ဆောင်နေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ ဒီနေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ပကဖ ရဲဘော် ၂ ယောက်ကို စစ်ကြောင်းဝင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
Read More

နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တပ်ခွဲမှူးတစ်ဦးအပါ ၄ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။