မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးမှာ ၁၁ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်သား ၇၀ နဲ့အထက် သေဆုံးခဲ့သလို ၁၇၀ ကျော် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကတည်းက အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေကို MBT အပါအဝင် မဟာမိတ်တပ်တွေက ဩဂုတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ စစ်ကြောင်းကွဲပြီး တပ်လန့်ပြေးသည်အထိ တိုက်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်ဘက်က စစ်အင်အားတွေကို ဖြည့်တင်းပြီး စစ်ကြောင်းထပ်မံထိုးလာသလို လေကြောင်းပစ်ကူတွေလည်း ရှိခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်ခဲယမ်းပြတ်တောက်လာကာ ဩဂုတ်လ ၁၀ ရက်နေ့မှာတော့ တပ်စခန်းတွေကို လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

“၃၁ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပဲဆိုပါတော့။ ဒီမနက်တောင် တိုက်ပွဲထပ်ဖြစ်ပါတယ်။ စခန်းတချို့လက်လွှတ်လိုက်ရပေမယ့် ကျနော်တို့ မဆုတ်သေးပါဘူး။ သူတို့ဘက်က အကျအဆုံးများနေပါတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်ဘက်က တပ်သားတွေ အကျအဆုံးများနေပေမယ့် အင်အားက ၁၇၀၀ ဝန်းကျင်လောက်အထိ ထပ်မံဖြည့်တင်းထားတယ်လို့ သူကဆိုပါတယ်။

၁၁ ရက်တာ ခုခံမှုအတွင်း စစ်ကော်မရှင်ဘက်က တပ်သား ၇၀ နဲ့အထက် သေဆုံးခဲ့ကာ ၁၇၀ ကျော်ခန့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ခဲယမ်းတချို့ကိုလည်း MBT တပ်ဖွဲ့က သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း MBT တပ်ဖွဲ့ကလည်း အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီး (တပ်စိပ်မူး)၊ ရဲဘော်ဝန (ဒု- တပ်စိပ်မူး)၊ ရဲဘော်ကျွဲကြီး၊ ရဲဘော် Black Shar နဲ့ MBTစစ်ကြောင်း-၅က ရဲဘော်ကိုဖက်၊ စုစုပေါင်း ရဲဘော် (၅)ယောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

“ကျနော်တို့က ပြည်သူ့စစ်သားတွေဖြစ်တယ်။ သေချာတယ် ကျနော်တို့ ရဲဘော်တွေအတွက် အကောင်းဆုံး တန်ပြန်တိုက်စစ်တွေ၊ သွေးကြွေးတောင်းတဲ့ ပွဲတွေ လာပါလိမ့်မယ်။ ကျနော်တို့ ရဲဘော်တွေက မြင့်မြတ်စွာ ပြည်သူတွေအတွက် အသက်ပေးလှူခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခြင်းမဟုတ်ပါဘူး… ကျဆုံးခြင်းဖြစ်ပါတယ်” လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

တိုက်ပွဲမှာ လာရောက်ကူညီအားဖြည့်ပေးခဲ့တဲ့ တပ်ရင်း (၁၊ ၂၊ ၇၊ ၈)၊ ဗိုလ်စားပြောက်တပ်၊ ဝံပုလွေတပ်ဖွဲ့၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေကိုလည်း MBT က ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
Read More

ငွေကြေး အလွဲသုံးစားလုပ်ပြီး စစ်တပ်ထောက်တိုင်များနှင့် ပတ်သက်နေသည့် အခွန်တော်အရာအရှိအပါ ၇ဦးကို အရပ်ဖက်တရားစီရင်ရေးအတိုင်း အရေးယူသွားမည်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေနဲ့ ဆက်သွယ်မှုကြောင့် အခွန်တော်အရာရှိအပါ ၇ ယောက်ကို အရပ်ဘက်တရားစီရင်ရေးအတိုင်း စစ်ဆေးအရေးယူသွားဖို့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း သပိတ်ကျင်းကို ၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။