မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ကာကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း G-3 သေနတ် ၃ လက်နဲ့ 7.62 ကျည် အမြောက်အမြားသိမ်းဆည်းရရှိခဲ့ပြီး စစ်သား ၁ ယောက်သေကာ ၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင်ပကစတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Salingyi Special Task Force Drone Team

0 Shares:
You May Also Like
Read More

ကင်မ်ဂျုံအန်း၏ DNA မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့သည့် ပစ္စည်းများကို မြောက်ကိုရီးယားကိုယ်ရံတော်များ ရှင်းလင်းရေးပြုလုပ် (ရုပ်/သံ)

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အောင်ပွဲနေ့စစ်ရေးပြပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ DNA နမူနာတွေ မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကိုယ်ရံတော်တွေက ရှင်းလင်းကြပါတယ်။
Read More

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်နှင့် ဆိုင်ခန်းများ ရေစီးနှင့် မျောပါ (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ်မီးရှို့နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေ၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

FBGA က မိုင်းနဲ့လက်နက်ခဲယမ်း ထုတ်လုပ်မှုမှတ်တမ်းတွေကို ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် မှာအခြေစိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ Fighter Brotherhood Guerrilla Army - FBGA ၎င်းတို့ရဲ့ စစ်လက်နက်ထုတ်လုပ်နေတဲ့ မှတ်တမ်းတွေကို မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ ထံက သိရပါတယ်။