ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်‌နေ့ကစပြီး အသုံးပြုသွားခြင်းများ မပြုလုပ်ကြဖို့ ပြည်သူများကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။

အခုလိုလမ်းပိုင်းကို ပိတ်လိုက်ရခြင်းဟာ ဩဂုတ် ၈ ရက်နေ့စပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဒီးမော့ဆိုမြို့ထဲကို စစ်‌ကြောင်းထိုး လှုပ်ရှားမှုတွေ ရှိလာပြီး၊ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့်လို့ ဆိုပါတယ် ။

ဒါ့အပြင် ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်တွေကလည်း ဒီးမော့ဆို-ဖရူဆို လမ်းတစ်လျှောက်ကို လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါအခြေအနေတွေကြောင့် မြေပြင်စစ်ရေးအခြေအနေများအရ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်မကြီးအပြင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာနေတဲ့ လမ်းသွယ်တွေကို သြဂုတ်လ (၁၀)ရက်နေ့မှစပြီး အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ် ဖြစ်ကြောင်း KNDF ကအသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်ထုတ်နုတ်အင်အား ၂၀၀ ကျော်နှင့် PDF များ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၇ ဦးနှင့်အထက် သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ထုတ်နုတ်အင်အား ၂၀၀ ကျော်ကို ဆိပ်ဖြူ-စလင်းလမ်းပိုင်းအတွင်း ဖြတ်တောက်တိုက်ခိုက်ရာမှာ စစ်ကား ၂စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၇ယောက်နဲ့အထက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ပခုက္ကူခရိုင် အမှတ်(၁၉) တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ရာ နေအိမ်တွေ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူကို ဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ် လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။