အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၈ ရက် ညပိုင်းက လျှပ်စစ်စွမ်းအင်တာဝန်ခံ (ဟောင်း) ကိုကျော်‌ဇေ နေအိမ်မှာရှိနေချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့ရောက်လာပြီး လာရောက်ဖမ်းဆီးသွားသလို အခုချိန်ထိလည်း ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

“ကနီမြို့နယ် MOD တပ်ရင်း ၉ ရင်းပေါင်းထားတဲ့ 9+ အဖွဲ့က ကိုကျော်‌ေဇထွန်း နေအိမ်မှာ လာဖမ်းသွားတာပါ ၊ဘာအကြောင်း အရာအတွက် ဖမ်းတယ်လို့တော့ ပြောမသွားပါဘူး ” လို့ ကနီနယ်ခံတစ်ယောက်က မောင်း သတင်းဌာနကို ပြောပါတယ်။

ကိုကျော်‌ဇေထွန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဝန်ကြီးဌာနက နေ တာဝန်ကရပ်နားခံရပြီး ထုတ်ပယ်ခံထားရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကနီမြို့နယ် အုပ်ချုပ်ရေးမှုးကလဲ ဝန်ကြီးဌာနက စစ်ဆေးတဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်တာ မရှိပဲ တိမ်းရှောင်နေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အခြားတာဝန်ခံတွေကတော့ အကုန်သွားပြီး အစစ်ခံပြီးပြီ၊ အဓိက တာဝန်ရှိသူ အခွန်ငွေအလွဲသုံးစားလုပ်တယ်ဆိုပြီး တိုင်ခံရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှုး အောင်မျိုးမင်းက အစစ်ဆေးမခံပဲ ‌ရှောင်နေသေးတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကနီမြို့နယ်ပညာရေးတာဝန်ခံ ၁ ယောက်လည်း ဖြစ်သလို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ) ၁ ယောက်လည်း ဖြစ်တဲ့ ဦးဝင်းဌေးနဲ့ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေတို့အပါအဝင် ၃ လအရွယ် သမီး ရွှေဝတ်ရည်လွှာတို့ ၃ ယောက် လည်ပင်းလှီးဖြတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို အခုချိန်ထိလည်းတရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ ပေါ်တာဆွဲခံရတဲ့ အမျိုးသား ၁ဦး စစ်တပ် ရိုက်နှက်မှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အမျိုးသား ၁ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်း အစုလိုက်အပြုံလိုက် အပြုတ်တိုက်ခံရပြီး အယောက် ၃၀ ကျော်သေကာ ၄၀ ကျော်လက်နက်ချအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ကူတော်ပျူရွာကနေ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က ၃၅ယောက်သေပြီး ၄၃ယောက်ကို လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်က လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။