မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ သားအမိ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

သြဂုတ်လ ၈ ရက် မနေ့ည ၈ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ် မနောဟရီတောင်ဘက် လမ်း ၅၀ နဲ့ ၄၉ လမ်းကြားမှာ ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီးနဲ့ ကလေး ၂ ယောက်ကို ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ သိရပါတယ်။

စီစီတီဗီမှတ်တမ်းအရ ဆိုင်ကယ်စီးနင်းလာတဲ့ သားအမိ ၃ ယောက်ကို နောက်ကနေ လိုက်ပါလာတဲ့ အမျိုးသား ၂ ယောက်က ဓားရှည်နဲ့ လှမ်းခုတ်ဖို့ ရွယ်ပြီး ဆိုင်ကယ်ကို ရပ်တန့်စေခဲ့ကာ ခြိမ်းခြောက်လုယက်သွားခဲ့တာကို တွေ့မြင်ရပါတယ်။

Video-Moe Thu
0 Shares:
You May Also Like
Read More

ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အမြောက်အမြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရေစကြိုမြို့ပေါ် ထွေအုပ်ရုံးကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  Myingyan Black Tiger တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို   အောက်တိုဘာ ၉ ရက်က နေ့လယ်ပိုင်းက ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယေက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ယနေ့နံနက်ပိုင်းက ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုအတွင်း ၄ ယောက်သေခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့ထံက သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကို စစ်ကူနဲ့ လူနာသယ်ဖို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄၀ ကျော်သေကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကို စစ်ကူနဲ့ လူနာသယ်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ထံက သိရပါတယ်။