မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၆ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁၀) ယောက်၊ အမျိုးသား (၅၅) ယောက် စုစုပေါင်း (၆၅) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ယောက် ပါဝင်ပြီး မကွေးတိုင်းမှာ (၁၅) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်သလို မန္တလေးတိုင်းမှာ (၈) ယောက် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် အပါအဝင် ဒေသခံအမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

ရခိုင်ပြည်နယ် မောင်တောမှာ စစ်ရှောင်တွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

ကနီတွင် ကင်းလှည့်လာသည့် စစ်အုပ်စုမြို့စောင့်တပ် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF - ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် ချင်းတွင်းမြစ်ကြောင်းရှိ စက်လှေလိုင်းများကို စစ်အုပ်စု ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။