တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU – Mergui – Tavoy District က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မှာ ဝင်းဝတပ်စခန်းက အဆိုပါ စစ်သား (၂) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ(၂) ထံ MA-1 သေနတ် (၁) လက်၊ MA-2 (၁) လက်၊ ကျည်‌ဆံ (၄၀၀) တောင့် ၊ ကျည်ဘောက် (၈)ခု တို့ ယူဆောင်လာကာ အလင်းဝင်ရောင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ဘယ်လိုထွက်ပြေးလာလဲတော့ မသိဘူး။ ဒါပေမဲ့ အရင်က ထွက်ပြေးတဲ့ စကစ စစ်သားတစ်ယောက်ကို ပြန်ဆက်သွယ်ပြီးတော့ ထွက်ပြေးခိုင်းတာ။ သူတို့စစ်မှုထမ်းတပ်သားတွေပဲဖြစ်မယ်။ တချို့ကတော့ ပြန်တိုက်မယ်။ တချို့က သူ့အိမ်ကိုပြန်သွားတယ်” လို့ KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂) ယောက်ဟာ မောင်‌မင်းစိုး (၄၂) နှစ်နဲ့  မောင်ဇော်ဇော် (၂၀) နှစ်တို့ ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ လက်နက်တွေယူဆောင်လာတဲ့အတွက် K.N.L.A တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးက ဂုဏ်ပြုဆုငွေ တစ်ယောက်ကို  သိန်း (၄၀) စီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စစ်သား ၂ ယောက် ဘက်ပြောင်းခိုလှုံဖို့အတွက် ကူညီဆက်သွယ်ပေးတဲ့  တပ်သားမော်ကျော်ကျော်ကိုလည်း ဆုငွေ သိန်း (၂၀) ပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပါတီစုံဒီမိုကရေစီ လိုချင်ရင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ကြဖို့ စစ်အာဏာရှင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်မှုမျိုး မပြုလုပ်ဘဲ အားလုံးပူးပေါင်းကြဖို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း၂ခုက ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ABSDF ပါဝင်တိုက်ခိုက်ခဲ့၊ ABSDF ရဲဘော် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။