အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ် (၂) စစ်ဆေးရုံ ခုတင်(၁၀၀၀) မှာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံမှ ဆင်းလာကာ နေအိမ်မှာပဲ ဆက်လက် ကုသမှုခံယူခဲ့ပေမယ့် ဇူလိုင်လ ၂၄ ရက်မှာ အမှတ်(၂) စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) မှာ ထပ်မံတက်ရောက်ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ဒါဟာ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဆေးရုံ ပြန်တက်ရတာဖြစ်ပြီး ဦးမြင့်ဆွေရဲ့ ရောဂါစစ်ဆေးချက်တွေ လက်ရှိအခြေအနေဟာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တယ်လို့ ကာလုံက ထုတ်ပြန်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကစတင်ပြီး ဦးမြင့်ဆွေဟာ နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိလည်း စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာ သွားရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုခန့် ယာယီသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အထိ NLD အစိုးရသက်တမ်းတလျှောက် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်နေခဲ့သူဖြစ်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်နဲ့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး  မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခဲ့ကာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဦးစီးဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးပစ်ခံရမှုတွင် အရာရှိ ၂ ဦးအပါ ၆ ဦး သေပြီး ၄ ဦး ဒဏ်ရာရ၊ အရာရှိနေအိမ်နှင့် ဘားတိုက်တခြမ်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိ ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး အရာရှိနေအိမ်နဲ့ ဘားတိုက်တခြမ်း မီးလောင်ပျက်စီးသွားကြောင်း Brave Warriors for Myanmar က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ လမ်းပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာကို ဇူလိုင်လ ၂၉ ရက်မှာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်း စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ…

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ(၁၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

CDF-KKG Major Operation မှ အောင်ပွဲများနှင့်အတူ ပြန်လာသည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ကြိုဆိုဂုဏ်ပြု

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးတွေမှာ Chinland Defense Force - Kalay, Kabaw, Gangaw တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ မဟာမိတ်တပ်တွေက ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲရာ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ သပိတ်ကျင်းမြို့နယ်မှာ ၂ရက်ဆက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။