မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ သြဂုတ် ၂ ရက် နံနက်ပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဗုံးကလမ်းမပေါ်ကျတာကြောင့် လမ်းတဖက်တချက်မှာ နေထိုင်တဲ့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးသွားတာလို့ သိရတာပါ။ အများအပြားလည်း ဒဏ်ရာရတယ်လို့လည်း ထပ်မံသိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။
Read More

ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ပြီး စစ်သားများ ခိုးယူထားသည့် ဆိုင်ကယ်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်သားတွေ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သား ၂၀ ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာ အကြမ်းဖက်စစ် ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်အထိ ၄ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။