ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ MNDAA စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနမှူး ဒုတိယဗိုလ်မှူးကြီး Mr. Zi Guo Jun ၊ သင်တန်းတပ်ခွဲမှူး ဗိုလ်ကြီး Mr. Zhao Jin Shun ၊ တတိယတပ်ခွဲအဆင့်ဆင့်မှ ကေဒါတွေနဲ့ သင်တန်းဆင်း စစ်သည်ပေါင်း (၂၀၀ )ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဒုတိယအဖွဲ့ အဖွဲ့ခေါင်းဆောင် Mr. Su Yu Biao က ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

MNDAA သင်တန်းတပ်ခွဲမှူး ဗိုလ်ကြီး Mr. Zhao Jin Shun က သင်တန်းကာလအတွင်း လေ့ကျင့်သင်ကြားမှုဆိုင်ရာ အစီရင်ခံစာအကျဉ်းချုပ်ကို ဖတ်ကြားခဲ့ပြီး ထူးချွန်သော အတန်းခေါင်းဆောင်တွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်မှူးကြီး Mr. Zi Guo Jun က ဂုဏ်ပြုခံရသူ ထူးချွန်အတန်းခေါင်းဆောင်တွေနဲ့ သင်တန်းသားတွေကို ဂုဏ်ထူးဆောင်လက်မှတ်တွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။