မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်က တပ်သား ၂ဦးဟာ RMA တပ်ရင်း (၉၀၂) ထံကို သေနတ် ၂ လက်နဲ့ အခြားစစ်ပစ္စည်းတွေ ယူဆောင်ကာ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။ 

RMA တပ်ဖွဲ့ကလည်း အဆိုပါ စစ်သား ၂ ယောက်ရဲ့ အလင်းဝင်ရောက်လာမှုကို လုံခြုံစွာ လက်ခံထားရှိပြီး တစ်ယောက်ကို ကျပ်ငွေ (၂၅) သိန်းကျပ်စီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အနာဂတ်ရှေ့ရေးအတွက်လည်း သူတို့ ၂ ယောက်ရဲ့ သဘောဆန္ဒတွေနဲ့အညီ ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အလင်းဝင်ရောက်လာတဲ့ တပ်သား ၂ယောက်ဟာ ၂၀၂၄ ခုနှစ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှူထမ်းစေခိုင်းခြင်းကို ခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။ 

ရာမညမွန်တပ်တော် (RMA) ဟာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) နဲ့  မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည – ရာမညမွန်တပ်တော် – Ramonnya Mon Army (RMA)” အဖြစ် ပြီးခဲ့တဲ့ မေလ၂၄ ရက်မှာ ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နယ်မြေစိုးမိုးမှု မရှိသေးသည့်တိုင် ရန်ကုန်ဟာ တော်လှန်ရေးခြေလှမ်း နောက်ကျမနေကြောင်း NUG ဝန်ကြီးချုပ် ပြောကြား၊ ရန်ကုန်တော်လှန်ရေး သူရဲကောင်းများ၏ ပေးဆပ်မှုများအပေါ် NUG ဘယ်တော့မှ လျစ်လျူမရှုဘူးဟု ဆို

ရန်ကုန်ဟာ စစ်အာဏာသိမ်းမှုကာလ အစကနေ ဒီနေ့အချိန်ထိ ခက်ခဲ ကြပ်တည်းမှုတွေကြားကနေ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ခုခံတွန်းလှန်နေကြဆဲဖြစ်ပြီး တချို့ဒေသတွေလို နယ်မြေစိုးမိုးမှုမရရှိသေးပေမယ့် တော်လှန်ရေး ခြေလှမ်းတိုင်းမှာ နောက်ကျကျန်မနေဘဲ လိုက်ပါနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။