စစ်ကိုင်းတိုင်းအတွင်းရှိ ပညာရေးစာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဆက်သွယ်ရေး ICON စက်တွေ ဝယ်ယူဖို့ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

သတင်းကြိုတင်ရရှိမှု အားနည်းတာကြောင့်လည်း မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရတဲ့အတွက် ထောက်ပံ့ငွေတွေကို တာဝန်ခံ မချောစုဟန်ကတဆင့် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတွေဆီ ဘေးအန္တရာယ်နဲ့ သတင်းရယူမှု ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေး ICON စက်တွေ မရှိချိန်က ကြိုတင်သတင်းရယူမှု အားနည်းခဲ့တာကြောင့် လေယာဥ်သံကြားမှသာ လုံခြုံသည့်နေရာတွေဆီ ရှောင်ရှားတာ၊ ဗုံးခိုကျင်းတွေမှာ ဝင်ရောက်ပုန်းခိုတာတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ စစ်တပ်က ရွာစဥ်လှည့်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေ၊ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါသလို ပြန်ရွေးသူတွေအဖို့ ငွေသိန်းရာချီ စျေးပေါက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ လူအယောက် ၅၀နီးပါး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Read More

ကံမရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီး၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂ရက်နေ့ ညပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘာ့အခြေအနေအရပ်ရပ်က နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီးမရှိတာကို စိတ်ဓာတ်မကျဘဲ မိမိခွန်အားဖြင့် အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်ကြောင်း NUG ဝန်ကြီးချုပ် ပြော

ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။