ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ သောကြာနေ့၊ ဇူလိုင်လ ၂၅ ရက် ညနေပိုင်းကတည်းက သံလွင်မြစ်ရေ ရုတ်တရက်ဆိုသလို တက်လာပြီး မြို့တွင်းမှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“အခုရေကြီးတဲ့ နေရာတွေက လပြည့်လကွယ်ရက်တွေမှာ ရေတက်နေကျနေရာပဲ။ အခုကတော့ မုန်တိုင်းအရှိန်နဲ့ တော်တော်ဆိုးနေတယ်။ ရေတက်တာကလည်း ည ၁ နာရီ ဝန်းကျင်အချိန်ကြီး တက်ခဲ့တာ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ ဘားအံမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ဘေး ဥယျာဉ်လမ်းတဝိုက်နဲ့ ဈေးနားတွေအထိပါ ရေနစါမြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့် ကျော်လွန်ရောက်ရှိလာပြီး နောက်တစ်ရက်အတွင်းမှာ ၁ ပေခန့် ထက်မြင့်လာနိုင်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့နယ် အနီးတဝိုက်က ရွှေဂွန်းနဲ့ ကမမောင်းမြို့ စတဲ့ မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ ကနဦး သိရပါတယ်။

ဘားအံမြို့ရေကြီးနေမှု အခြေအနေ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။