မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ-ABSDF) နဲ့ ကျောင်းသားလက်ရုံးတပ်တော်တို့ တစ်နိုင်ငံလုံးရှိ ကျောင်းသား အင်အားစုတွေအပါအဝင် တော်လှန်‌ရေးအင်အားစုတွေကြား စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်ဖွဲ့ ၂ ဖွဲ့က ပူးတွဲအသိပေးချက် ကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ABSDF ဗဟိုစစ်ကော်မရှင် နဲ့ ကျောင်းသားလက်ရုံးတပ်တော် ဗဟို ဦးဆောင်ကော်မတီဝင်တွေဟာ မေ ၂၇ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ နှစ်ယောက်ဟာ ဇူလိုင် ၂၄ ရက်မှာ မြေပြင်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုမှာတော့ ကျောင်းသားတော်လှန်ရေး အင်အားစုတွေအပါအဝင် ပြန့်ကျဲနေတဲ့ မြေပြန့်လွင်ပြင် အခြေပြု လက်နက်ကိုင် တော်လှန်ရေး အင်အားစုအဖွဲ့အစည်းတွေအကြား စုစည်းရေးကို ပထမ အချက်အနေနဲ့ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ အချက်အနေနဲ့ မြေပြင်စစ်ရေးလုပ်ငန်းစဥ်တွေကတော့ လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တတိယအချက်က မဟာမိတ်ဆိုင်ရာ စုဖွဲ့မှု တည် ဆောက်ရေး လုပ်ငန်းစဥ်တွေအကြောင်း ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။