အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်း အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောရေးမှ ညှင်းပန်းနှိပ်စက်မှုဒဏ်တွေနဲ့အတူ ထောင်တွင်းမှာ ဆေးကုသမှု အပြည့်အဝမရရှိတာကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

အကြမ်းစစ်အုပ်စုရဲ့ စစ်ကြောရေးက ရရှိလာတဲ့ ဦးခေါင်းဒဏ်ရာဝေဒနာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်မှာ အင်းစိန်အကျဉ်းထောင်အတွင်း လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်တည်ဆောက် ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကျောင်းသားအာဇာနည် မဝတ်ရည်အောင်က ၂၀၂၀ ခုနှစ်မှစတင်ကာ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ပြီး ကိုဗစ်ကာလမှာလည်း ပြည်သူလူထုအကျိုးအတွက် တက်ကြွစွာ ပါဝင်ကူညီပေးခဲ့သလို စစ်အုပ်စု အာဏာသိမ်းချိန်မှာလည်း မိခင်ခွပ်ဒေါင်းအလံကို ကိုင်စွဲကာ တပ်ဦးကနေ စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မဝတ်ရည်အောင်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခံရချိန်ကနေ ကျဆုံးချိန်ထိ အကြမ်း ဖက်စစ်တပ်နဲ့ လက်ဝေခံ ယန္တယားအားလုံးကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားခဲ့သူလည်း ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ဆိုထားပါတယ်။

မဝတ်ရည်အောင်ရဲ့ တော်လှန်ရေးအတွက် အသက်ပေးဆပ်စွန့်လွှတ်မှုကို အလေးအမြတ်ပြုသလိာ နောင်ကျောင်းသားမျိုးဆက်အသီးသီးတို့အတွက် စံနမူနာဖြစ်စေဖို့ ရည်ရွယ်ပြီး ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

မြောက်ဥက္ကလာပ စစ်ကောင်စီ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။