စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးမှာ ကင်းပုန်းဝပ်ဖို့ ဆိုင်ကယ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက် ၅ နာရီခွဲဝန်းကျင်ခန့်က ချောင်းဦးမြို့နယ် ဆည်မြောင်းရုံးအနီး မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့ စစ်ကောင်စီ ၄ ယောက်ကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ ၄ ယောက်လုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေထံကနေ ဆိုင်ကယ် ၂ စီး၊ MA-3 ၁ လက်၊ MA-11 ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံးနဲ့ ၅.၅၆ ကျည် ၄၀၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ အမှတ် (၁) တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ်နဲ့ Brave Heart Army (BHA Local PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ချောင်းဦးမြို့နယ်

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းတွင် စစ်ယာဥ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ CDF-Mindat ( Drone Team)ရဲ့ တိုက်ပွဲဝင်ပုံရိပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို CDF-Mindat (သတင်း ပြန်ကြားရေး နှင့် မှတ်တမ်းဌာန)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

သီပေါမြို့ကို လက်လွှတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေ ကုန်တင်ယာဉ်တွေနဲ့ ထွက်ပြေး (ရုပ်/သံ)

သီပေါမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်‌တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်စစ်သားတွေနဲ့ တပ်မိသားစုတွေဟာ ကုန်တင်ယာဉ်တွေစီးပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေး-နေပြည်တော် မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျပြီး ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ တောင်ညို - ကျွဲရှင်းလမ်းဆုံမှာ ရွှေအိုးစည် ခရီး သည်တင်ယာဉ် ချောက်ထဲထိုးကျပြီး ၂ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။