ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ ကမ္ဘောဒီးယားဘက်က ၎င်းတို့အကြား နယ်စပ်အငြင်းပွားမှုဖြစ်ပွားနေတဲ့ Ta Muen ဘုရားကျောင်းအနီးမှာ ကြာသပေတးနေ့အစောပိုင်းက ထောက်လှမ်းရေးဒရုန်းတစီး စေလွှတ်ခဲ့ကြောင်း၊ အဲဒီနောက် ကမ္ဘောဒီးယား တပ်သား ၆ ဦး ခြံစည်းရိုးအနီးရောက်လာကြောင်း၊ ထိုင်းဘက်က ညှိနှိုင်းပြောဆိုခဲ့ပေမဲ့ မနက် ၈း၂၀ ခန့်မှာ ကမ္ဘောဒီးယားဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း သိရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ထိတွေ့မှုတွေအတွင်း ဆူရတ်ခရိုင် Prasat Ta Muen နယ်မြေမှာ ထိုင်းဘက်က စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဘုရင့်တပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Richcha Suksuwannont က အတည်ပြုပြောဆိုပါတယ်။

ထိတွေ့မှုတွေအတွင်း ကမ္ဘောဒီးယားဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ကြောင်း၊ ကမ္ဘာဒီးယားရဲ့ BM-21 လက်နက်ကြီးကျည်ကြောင့် PTT ဓာတ်ဆီဆိုင်က အဆောက်အဦး ၂ လုံး ပျက်စီးပြီး ကျောင်းသားတွေ၊ အရပ်သားတွေ ထိခိုက်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ရေးပါတယ်။

လတ်တလောဖြစ်သွားတဲ့ ဖြစ်ရပ်တခုမှာလည်း ကမ္ဘောဒီးယားစစ်သားတွေက BM-21 ဒုံးပျံတွေကို ထိုင်းနယ်စပ်ဘက် ပစ်လွှတ်လိုက်တာကို မြင်ခဲ့ရကြောင်း၊ ထိုင်းဘက်က ကလေးတဦး အပါအဝင် ရွာသား ၃ ဦး ဒဏ်ရာရကြောင်းလည်း သိရပါတယ်။

ကမ္ဘောဒီးယားဆီးနိတ်လွှတ်တော်ဥက္ကဌ ဟွန်ဆန်ကတော့ ပစ်ခတ်မှုကို ထိုင်းဘက်က စတင်ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်ဘက်က ပြန်တိုက်ဖို့ကလွဲရင် ရွေးစရာမရှိဘူးလို့ ကြာသပတေးနေ့နံနက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာလည်း ထိုင်းဘုရင့်လေတပ်ဘက်က F-16 တိုက်လေယာဉ် ခြောက်စီးကို တပ်ဖြန့်ချထားဖို့ အမိန့်ပေးခဲ့ကြောင်း၊ အဲဒီနောက် ၎င်း F-16 တိုက်လေယာဉ်တွေက ကမ္ဘာဒီးယားရဲ့ ကြည်းတပ်ဌာနချုပ်နှစ်ခုကို ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း ၎င်းတို့ရဲ့ တရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Khaosod English)

0 Shares:
You May Also Like
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

စီပါရွာမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ယုတ်မာရက်စက် သတ်ဖြတ်မှုတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ကုလစင်မြင့်မှာ တင်ပြ

စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။