စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း တောင်ယာစိုက်ပျိုးရိတ်သိမ်းရာမှာ အနှောင့်အယှက်ပေးနေတဲ့ သီလုံးပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းမှာ သီလုံးပျူစောထီးတွေကို ၆၀ မမ စက်လက်အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပန်းရံပျူစခန်း၊ ဇီးဖြူကုန်းပျူစခန်းကနေ တပ်ကူတွေရောက်လာပြီး RPG ၂ လုံးနဲ့ ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Mission Shwebo Crocodile ၊ Firly Dragon Force၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Federal Army၊ HG Fighter ၊ Shwebo Western Revolution Force၊ ဒေါင်းစစ်သည်၊ စွန်ရဲရွှေဘို၊ Eye For Eye၊ တောင်သူ့လွတ်မြှောက်ရေးတပ်ဖွဲ့ (FIF)၊ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒပယ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Shwebo Crocodile

0 Shares:
You May Also Like
Read More

ပဲခူးတိုင်း စိုးမိုးနယ်မြေအတွင်း ရေဘေးသင့်ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေ က နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း - P26002 အဖွဲ့ထံက သိရပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာကို စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့ စစ်က မီးရှို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ထက်စည်သူ၏ ပြောကြားချက် (ရုပ်/သံ)

''မင်းတို့ အလင်းဝင်မယ်ဆိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ မင်းတို့ကို မသတ်ပစ်ဘူးဆို ရင်တောင်မှာ မင်းတို့ကောင်တွေကို ရှေ့တန်းပို့မယ်၊ မင်းတို့ခြေထောက်တွေကို ခြံခြေချင်းခတ်ပြီး တော့ အဲလိုတွေ ပြောတယ်''
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောင်းသားများသမဂ္ဂက မောရအောင်သံအမည်နဲ့ တော်လှန်သံချပ်ထိုးခဲ့ပါတယ်။