ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုအာဏာသိမ်းပြီးနောက်ပိုင်စ ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။

အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တက်ရောက်ခွင့် မပေးခဲ့ဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးဖြစ်သူ၊ ဦးအောင်ဆန်းဦးရဲ့ သားနဲ့ ချွေးမတို့ တက်ရောက်လာတာကို တွေ့ရပါတယ်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီး အကျဉ်းချထားကာ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်မပေးတာ ၅ နှစ်တာ ရှိပြီဖြစ်ပါတယ်။

ဒါ့အပြင် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(နေအိမ်)ကိုလည်း အကြမ်းဖက်မင်းအောင်လှိုင်က မနေ့က သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်တွေကို ကျွမ်းကျင်သူတွေနဲ့ ထိန်းသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ မင်းအောင်လှိုင်က မှာကြားခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ဝါးရုံပင်အတွင်း ပုန်းခိုနေသည့် အရပ်သား ၁ဦး သေဆုံး ကမ္မ -ရေပြာလမ်းပိုင်းတစ်ဝိုက်ကိုလည်း Y12 လေယာဥ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော်ကြဲ

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။" လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား ၂ ယောက် သေ၊ ၉ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။