စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။

ဇူလိုင် ၁၆ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောအုပ်စုမှာ သင်္ဘော ၁စီး မီးလောင်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုနိုင်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု(CSRAF) ဦးဆောင်မူနဲ့အတူ ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်း B21၊ ယင်းမာပင်ခရိုင် အမှတ် ၂၂ တပ်ရင်း KLG နဲ့ နယ်မြေခံ ပကဖ အဖွဲ့ တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား အများအပြားသေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသားတပ်မတော်)တို့ပူးပေါင်းပြီး အပတ်စဉ် ၁ (၁/၂၀၂၅) အခြေခံ စစ်ပညာသင်တန်းနဲ့ လက်နက်ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၂ ရက်က ပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီးက ရေဦးဆီဆိုင်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ DK-PDF MMU အဖွဲ့ထံက သိရပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။