“ပြည်သူ့စစ်တွေကို ရှေ့တန်းမှာထားပြီး ရန်သူ့ဘက်က ဖိအားများလို့  ပြန်ပြီးဆုတ်လာပြီဆိုရင်လည်း နောက်က အရာရှိများနဲ့ အရာခံများက မင်းတို့ ဘာလို့ ပြန်ဆုတ်တာလဲဆိုပြီး ပစ်တယ်။ ကျနော့်ရှေ့မှာတင်ပဲ ကျနော့်သူငယ်ချင်းကို သေနတ်နဲ့ပစ်တာ နောက်စိပွင့်သွားပါတယ်။ အဲဒီလိုမြင်ရတဲ့အခါ ကျနော်တို့လည်း ကြောက်တာပေါ့။ ရှေ့တက်ဆိုရင် တက်ရတာပေါ့။  ထွက်ပြေးတဲ့ လူတွေလည်းရှိပါတယ်။ ထွက်ပြေးတဲ့လူတွေလည်း မလွတ်မြောက်တာများတယ်။ ကျနော့် သူငယ်ချင်း ပစ ဆိုရင်လည်း ကိုရခိုင်လေးတို့ ကိုထွန်းမင်းတို့ဆိုရင် ပြန်မိတဲ့အခါကျတော့ AA စနိုက်ပါ လမ်းကြောင်း တောင်စောင်းတွေ အပင်တွေမှာ လက်ပြန်ကြိုးတွေတုပ်ပြီး တစ်နေကုန် ကြိုးနဲ့ ချိတ်ထား။ ဒီဘက်က ပစ်ရင်လည်း သေပေါ့။ 

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းမှာ အဓိက တိုက်ခိုက်ခိုင်းပြီး နောက်ပြန်ဆုတ်ရင် အရာရှိတွေက ပစ်သတ်တဲ့အကြောင်း ပစတပ်သား နေလင်းအောင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

နေလင်းအောင်ဟာ မန္တလေးတိုင်း ချမ်းသာမြစည်မြို့နယ် ကနာရပ်ကွက်မှာနေထိုင်ပြီး  အလုပ်ပြန်ချိန် ညပိုင်း ပေါ်တာဆွဲဖမ်းဆီးခံရကာ စစ်တပ်ထဲ သွတ်သွင်းခံခဲ့ရသူဖြစ်ပါတယ်။

ဟိုပုံး စစ်သင်တန်းကျောင်းမှာ စစ်မှုထမ်း အပတ်စဉ် ၇ / ၂၀၂၄ တက်ရောက်ခဲ့ပြီး တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ သို့ ရောက်ရှိခဲ့ကာ ငဖဲမြို့နယ်၊ နတ်ရေကန်စစ်စခန်းမှာ တာဝန်ကျချိန် AA ထံသို့ ထွက်ပြေးအလင်းဝင်ရောက်ခဲ့ပါတယ်။

Video – AA Info Desk

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်က ခိုင်းလို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရဟု အလင်းဝင် စစ်သားသစ် ပြော (ရုပ်/သံ)

စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။ 
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် (ရတခ) လက်အောက်ခံ ခလရ (၂၄) ကိုယ်ပိုင်အမှတ်-ပစ/တပ်သား- ရန်အောင်မိုး၏ ပြောကြားချက် (ရုပ်/သံ)

“တောင်ဒဂုံမြို့နယ်မှာ နေပါတယ်။ အုပ်ကြီးက ကျနော့်ကို ကြည့်မရပါဘူး။ မင်းကို ဆင့်ခေါ်စာပါတယ်ဆိုပြီး ကျနော့်ကိုခေါ်ပါတယ်။ မဲလည်း မနှိုက်ရဘူး။ လှည်းကူးကို တစ်နေ့ပဲ ညနေ ဆို ပြန်လာရမယ်ဆိုပြီး လွှတ်လိုက်တာ ဘုရင့်နောင်စုဆောင်းရေးကို ရောက်သွားပါတယ်။ ကျနော် ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ ဝင်တာမဟုတ်တဲ့အတွက် ပျော်ရွှင်မှုမရှိပါဘူး။ ကြီးနိုင်ငယ်ညှင်းပေါ့။ ပစတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိပါတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၁၂ ကိုယ်ပိုင်အမှတ်- တ/၂၃၁၈၂၆ တပ်ကြပ်-ဆန်းမြင့်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲ ကြုံခဲ့ရတာအများကြီးပဲ။ သူတို့က အဆင့်ရာထူးနဲ့ ကျနော်တို့ကို ရှိနေတဲ့ ဖုတ်လေတဲ့ ငပိ၊ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ကျနော်တို့ကို သူတို့အောက်က စီးထားတဲ့ ဖိနပ် တစ်ရံလောက်တောင် တန်ကြေးမထားဘူး။ ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်''
Read More

စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေး စရိတ်နဲ့ လစာ မပေးဘဲ စစ်တိုက်ခိုင်း (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားတွေကို စစ်ဆင်ရေး စရိတ်နဲ့ လစာတွေ မပေးဘဲ စစ်တိုက်ခိုင်းကြောင်း ဝန်တင်တပ်ရင်းကနေ အလင်းဝင်လာတဲ့ လုပ်သက်ရင့် တပ်ကြပ် ၃ ယောက်က ပြောခဲ့ကြပါတယ်။
Read More

တောင်ညိုတပ်ရင်းတွင် မိသားစုလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်ထောက် အရာရှိ ကိုသက်ကြီး၏ တော်လှန်ရေးစကားသံ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို ‌‌တောင်ညိုတပ်ရင်းက ‌ဖော်ပြခဲ့ပါတယ်။