စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၁၄ရက် မနေ့က နေ့လယ် ၁နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇီးကုန်းမြို့ အ.ထ.က (၁) ကျောင်းမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ဖို့ သွားတဲ့အချိန် အရက်ဝယ်ပြီး ပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား ၅ယောက်ကို တွေ့ရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း စစ်အုပ်စု ၅ယောက်ထဲက ၄ယောက် သေဆုံးပြီး ၁ယောက် ထွက်ပြေးလွတ်မြောက်သွားကာ ကာဘိုင် ၂လက်၊ AK ၁လက်၊ အိုက်ကွန် ၂လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သွားပြီး ပစ်ခဲ့တာတော့ အ.ထ.က(၁) မှာ အထိုင်ချထားတဲ့သူတွေရော.. သူတို့တွေ အရက်သွားဝယ်တယ်ဆိုတာ အမြဲ သတင်းရနေလို့ရော တစ်ခုမရ တစ်ခု အကုန်ရရင်ရသလို လုပ်ဖို့ပါ” လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အာဏာသိမ်းပြီးကတည်းက အဆိုပါ ဇီးကုန်းမြို့ အ.ထ.က(၁) ကျောင်းမှာ တပ်စွဲထားတာဖြစ်ပါတယ်။ အထက်ပါ တိုက်ခိုက်မှုကိုတော့ ကန့်ဘလူခရိုင် လှုပ်ရှား ပကဖ ဗိုလ်ရသ(ခ) ဗိုလ်ပိုင်ချဲ့အဖွဲ့နဲ့ ရေဦးနယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်ခတ်မှုဖြစ်တာက မြို့အလယ်ခေါင် အ.ထ.က (၁) အနားမှာပါ။ သူတို့အထိုင်နဲ့ အနီးနားမှာပါ။ သူတို့ရဲ့ အလောင်းတွေကို ထွက်ပြီး တန်းမကောက်ခဲ့ပါဘူး။ အချိန်အတော်ကြာမှ လာကောက်တာပါ။ သွားပစ်တဲ့အချိန် အခက်အခဲကတော့ ဘာမှမရှိပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း (ဓာတ်ပုံသတင်း)

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့(၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

မုံရွာက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စစ်သုံး ဖိနပ် တပ်ဆင် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေရဲ့ စစ်၀တ်တန်ဆာအခြေခံဖြစ်တဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် တပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်သင်တန်းကျောင်းအုပ် ကဗျာဆရာ ညီလင်းခ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အနောက်မြောက်စစ်ဒေသရဲ့ ကြီးကြပ်ရေးကော်မတီဝင်၊ စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာ ညီလင်းခ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။