ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

”ဖားကန့် ပထမ ဗုံးကြဲသွားတာက မှော်မောင်းလျံ ဘက်ကို ပစ်ခတ်ပြီး ဒုတိယထပ်ပြီး ဗုံးကြဲသွားတာက မော်ဝမ်းလေး/ကြီးအစပ် အခုမော်ဝမ်းကြီးမှာ မီးလောင်နေပါတယ်”လို့ ဒေသခံက ဆိုပါတယ်။

ဖားကန့်ရှိ မှော်မောင်းလျံကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းအတွက် အရေးပါတဲ့ လမောင်းကုန်းနဲ့ မော်မောင်းကုန်းကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

မှော်မောင်းလျံ၊ မော်ဝမ်းလေးနဲ့ အမှိုက်ပုံကျေးရွာတွေဟာ လမောင်းကုန်းနဲ့ မော်မောင်းကုန်းကို တက်တဲ့ လမ်းခုလတ်ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီက ထိခိုက်ကျဆုံးများနေတဲ့အတွက် လေကြောင်းနဲ့ ဒရုန်းတွေကို အားပြုပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Video – အောင်ဇော်မိုး ဖားကန့် /Jade Hunter

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ ဒီပဲယင်းရဲစခန်းနဲ့ ဒီပဲယင်းအထကကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၅ ရက် က တော်လှန်ရေးတပ်တွေ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပကဖ ထံက သိရပါတယ်။
Read More

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်ပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြန် (ရုပ်/သံ)

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင်ရေးနဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနက အများပြည်သူများသိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းကျင်းပပြုလုပ် (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားမှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (MOD)မှ ထုတ်ပြန်ထားပါတယ်။
Read More

ဘေးဘရာတွေ ကင်းဝေးစေရန် ဘယာကြော်ကျွေးပြီး မဲဆွယ်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် PPP အမတ်လောင်း (ရုပ်/သံ)

ဘေးဘရာတွေ ကင်းဝေးဖို့ ဘယာကြော်ကျွေးနေတယ်လို့ ပြောဆိုကာ မဲဆွယ်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP အမတ်လောင်းတစ်ယောက်ရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့မှုအဖြစ် အီရန်က ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး အစ္စရေးကို ပြန်လည်တိုက်ခိုက် (ရုပ်/သံ)

အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးနာမည်နဲ့ လုပ်‌ဆောင်ပြီးနောက်မှာ အီရန်က လက်တုံ့ပြန်မှု အဖြစ် ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ကျောက်မဲမြို့နယ် နောင်ပိန်ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲကာ လက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂၀ ခန့် သေဆုံးခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်‌မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၂၀ ခန့် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။