ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

KMDF ၁၀၂ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ( ၂၃ ) နှစ်အရွယ် ရဲဘော် ချိုလွင်မိုး (ခ) လွင်မိုးဟာ ဇူလိုင် ၅ ရက်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးရဲဘော် ချိုလွင်မိုး (ခ) လွင်မိုးအနေနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်ခဲ့ပြီးဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့တယ်လို့ KNDF ၁၀၂ တပ်ရင်းက ဆိုပါတယ်။

ကျဆုံးရဲဘော်ကို KNDF ၁၀၂ တပ်ရင်းအနေနဲ့ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင်သွားမှာဖြစ်ပြီး ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

ကျဆုံးရဲဘော်ရဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျန်ရှိတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး KNDF တပ်ရင်း ၁၀၂ အနေနဲ့ တိုက်ပွဲအခြေအနေအရ အခုလို နောက်ကျမှ ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်ထဲက စစ်တပ် တပ်ရင်းတွေကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းပေးနေ 

ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေအပြီး နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဖြစ်တဲ့ ယောအလင်းတန်းဆီက သိရပါတယ်။ 
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။