စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ ဟင်္သာကြီးပျူစောထီးကျေးရွာ စစ်စခန်းနဲ့ ဘိုးနတ်တောင် ဗျူဟာစစ်စခန်းကုန်းတို့ကို တော်လှန်ရေးတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ပစ်ကူနဲ့ ခုခံတဲ့ကြားက ဇူလိုင် လ ၄ ရက် နေ့လယ်ပိုင်းမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင် ဦးဆောင်နေတဲ့ ဟင်္သာကြီး ပျူစောထီးစစ်စခန်းကုန်းနဲ့ တစ်ရွာလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗိုလ်မှူး ချမ်းလွင်မောင်ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါ ပျူစောထီးစခန်းရှိ စစ်ကောင်စီတပ်က မခေါက်ကျေးရွာဘက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ဒုတပ်ရင်းမှူးက ဒဏ်ရာရပြီး ခြုံထဲမှာကျန်နေခဲ့တာပါ။ သူ့အဖွဲ့တွေက သူ့ကိုထားပြီး မခေါက်ပျူရွာဘက် ထွက်ပြေးသွားကြတာပါ” လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက မောင်းကိုပြောပါတယ်။ 

အဲဒီနောက် စစ်ကောင်စီတပ်က G1 အရာရှိ ဦးဆောင်နေတဲ့ ဘိုးနတ်တောင် ဗျူဟာကုန်းစခန်းကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းရှိ စစ်ကောင်စီတပ်က တောင်လှဗျူဟာကုန်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးပူးပေါင်းတပ်က တောင်လှဗျူဟာစခန်းကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၄ ရက် တစ်ရက်လုံး တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဇူလိုင်လ ၅ ရက် မနက်အစောပိုင်းမှာတော့ တောင်လှဗျူဟာစခန်းကုန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၇ ရက် ညနေပိုင်းမှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရွှေဘိုမြို့နယ်၊ ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၉ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိကာ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ဗျူဟာကုန်း ၃ခုနဲ့ ပျူစခန်းမှာ သူတို့ အင်အားက ၂၀၀နဲ့ ၃၀၀ ပတ်လည်လောက်ပဲရှိတယ်။ မခေါက်ပျူရွာနဲ့ ကျောက်မြောင်းစခန်းတွေကို ပြေးကြတယ်ဗျ။ ကျနော်တို့ကတော့ စခအလောင်း ၉လောင်းရခဲ့ပါတယ်” လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း ဗျူဟာကုန်းတွေမှာထောင်ထားတဲ့ နင်းမိုင်းတွေ တိုက်မိုင်းတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်၁ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တာဝန်ရှိသူ ဗိုလ်ကောက်ရိုးကလည်း ပြောပါတယ်။

“စကစ ဘက်ကတော့ G1 ရယ် ၊ 2IC ရယ် ဦးစီးပြီး ခုခံတာပဲ၊ လေယာဥ်ကတော့ သိတဲ့အတိုင်း ဝတ်ကျေတန်းကျေတော့ လာပစ်ပေးတာပေါ့။ ကျနော်တို့ ညီနောင် ၆ ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ အောင်ပွဲပါ။ ဒါပေမယ့် ဗျူဟာကုန်းဆိုတော့ နင်းမိုင်းတွေ တိုက်မိုင်းတွေ အများအပြား ထောင်ထားတယ်။ ကျနော်တို့ ဘက်က တိုက်မိုင်းကြောင့် ရဲဘော် ၁ယောက်ကျတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ ၂ယောက်က နည်းနည်း ပြင်းတယ်။ ကျန် ၂ယောက်က အသေးစားလို့ပြောရမယ်။” လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တာဝန်ရှိသူ ဗိုလ်ကောက်ရိုးက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ (DOUNG Ni PDF ) တပ်ရင်းတွေနဲ့အတူ Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့  သိရပါတယ်။

လက်ရှိအခြေအနေအရ ရွှေဘိုခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေချိန်ဖြစ်တဲ့အတွက် အရပ်သားတွေဘက်ကလည်း စစ်ရေးသတိရှိရှိ နေထိုင်သွားလာကြဖို့နဲ့ တတ်နိုင်သလို ကူညီဆောင်ရွက်ပေးကြဖို့ ရွှေဘိုခရိုင်တပ်ရင်းတွေက တိုက်တွန်းထားပါသေးတယ်။

ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဗျူဟာကုန်း၃ခုကို သိမ်းပိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းအပါ သိမ်းဆည်းရမိသည့်လက်နက်များ (ဓာတ်ပုံ နယ်စည်းမခြားတော်လှန်ရေးအင်အားစု)

0 Shares:
You May Also Like
Read More

ရှမ်းတောင်မှ PDF တပ်ရင်း ၂ ခု NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး စုဖွဲ့မှုပုံစံအသစ် လုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မဟာဗျူဟာနည်းလမ်း(၆)ခုကို အရှိန်မြှင့်ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုကြီးလွတ်မြောက်တဲ့အထိ ကြိုးပမ်းသွားမည်ဟု NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရေဖြူတွင် ဖမ်းဆီးခံရသည့် ရဲဘော် အသေးလေး၏ဖုန်းကို သုံးပြီး စစ်အုပ်စု ညစ်ညမ်းစာများ လိုက်ပို့နေ၊ အဆိုပါ ရဲဘော် ကျဆုံးသွားပြီဟု သိရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဖုန်းကို အသုံးပြုပြီး စစ်အုပ်စုက လူမှုကွန်ရက်ကတဆင့် ညစ်ညမ်းစာတွေ လိုက်ပို့နေတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကိုတိုက်ထုတ်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှည အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တာဝန်ရှိသူဆီက သိရပါတယ်။