ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၀ရက် မနေ့က နေ့လယ် ၁၂နာရီကျော်လောက်မှာ အချဥ်ပေါင်းရောင်းနေတဲ့ အသက် ၄၀ အရွယ် ကိုဇော် ဆိုသူဟာ သေနတ်ဒဏ်ရာ ၂ချက်နဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ဘယ်သူပစ်သတ်သွားလဲမသိဘူး၊ ဘယ်အဖွဲ့ကဆိုတာ မသိဘူး၊ သေနတ်သမားက ၂ ချက်ပစ်လိုက်တဲ့ဟာမှာ ဘယ်ဘက်လက်မောင်းမှာ တစ်ချက်ရှိတယ်၊ နောက်တစ်ချက်ကတော့ ခေါင်းကိုပစ်တာ သေချာကပ်ပစ်သွားတာ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဇော်ဟာ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ ရပ်ကွက် ၁ မှာ နေထိုင်သူဖြစ်ကာ အချဥ်ပေါင်း ရောင်းတာ ၃နှစ်ဝန်းကျင်ရှိပြီဖြစ်သလို သူ့ရဲ့ အမျိုးသမီးကလည်း ပျံကျဈေးသည်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ ၂ယောက်က ဖားကန့်မှာ ၂ယောက်လုံးက ဈေးသည်ပေါ့။ တစ်ယောက်တစ်မျိုးစီ ရောင်းကြတာ။ ၃နှစ်ရှိပြီလို့ သိရတယ်။ အဲဒီတဝိုက်မှာ နေတဲ့သူတွေကတော့ ၂ချက်ကြားလိုက်တာတဲ့။ အသံအကျယ်ကြီးဆိုတော့ ပထမတော့ ကားဘီးပေါက်တယ်လို့ ထင်နေတာ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

အခုဆိုရင် ဖားကန့်မြို့နယ်ထဲမှာ ၂လအတွင်း ဘယ်အဖွဲ့ရဲ့ လက်ချက်မှန်းမသိဘဲ သေဆုံးသူ ၁၃ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ အစပိုင်းမှာ မူးယစ်ဆေး သုံးစွဲသူတွေ အသတ်ခံရတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ သာမန်အရပ်သားပြည်သူတွေလည်း သေဆုံးမှုတွေထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

“အကြောက်တရား သွင်းတာလို့ပဲပြောပြော ဘာပဲပြောပြော အခုဟာကတော့ လွန်လွန်ကျူးကျူး ဖြစ်လာတာပေါ့နော်။ ဒီတစ်လကျော်အတွင်းကို လူ ၁၃ ယောက်ဖြစ်သွားပြီ။ နည်းနည်းတော့ထူးဆန်းတာပေါ့နော်” လို့ အဆိုပါ ဒေသခံက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

SSNDF / KNDF ဗျူဟာအမှတ် ၉ ရှိ ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ၉ က တော်လှန်ရဲဘော်တွေရဲ့ရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးတောင်ပိုင်းမှာ စစ်တပ်က ဒေသခံပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်၊ ကျန်သူများအား ကတုံးတုံးပြီး ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။