စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။

ဇူလိုင်လ ၈ရက် နေ့လယ် ၁၂နာရီလောက်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃စီး၊ တွဲတွန်း ၂၉ စီးတို့ကို ချင်းတွင်းမြစ်ကြောင်း တစ်နေရာမှာ ရှေ့ထွက်မိုင်း ၂၈ လုံးနဲ့ ပွိုင့် ၅ပွိုင့် ခွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ရာ ၃နာရီကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးကြောင့် စစ်သင်္ဘောတစ်စီး မီးလောင်ပျက်စီးသွားသလို စစ်အုပ်စု ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ချင်းတွင်းမြစ်အနီး ကျေးရွာက ဒေသခံ ၂ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“***တွေကတော့ အထက်ကိုဆန်ပြီးတော့ မုံရွာအုန်းပင်ဆိပ်ကိုရပ်သွားတယ်။ ထိခိုက်သေဆုံးတာတော့ စုံစမ်းနေတယ် သင်္ဘောတစ်စီး မီးလောင်သွားတယ် မုံရွာကနေပြီးတော့ တစ်ဆင့်လာပြီးတော့ ပြန်ဆွဲသွားတာ သင်္ဘောကရပ်နေလို့ဆိုပြီးတော့။  ***တေပစ်တဲ့ လက်နက်ကြီးတွေက ရွာထဲကျပြီး ပြည်သူ ၂ဦး ထိတယ်၊ မစိုးရိမ်ရဘူး” လို့ မုံရွာခရိုင် တပ်ရင်း(၁၅) တပ်ခွဲ(၄) Black Leopard Force (BLF) တပ်ဖွဲ့ဝင်က မောင်း ကိုပြောပါတယ် ။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း(၁၅) တပ်ခွဲ(၄) Black Leopard Force (BLF) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) ၅\ Commando Force နဲ့ Chindawin Dynamite (Salingyi) အဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်သင်္ဘောများအား ပစ်ခတ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ BLF)

0 Shares:
You May Also Like
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်လ (၁၇) ရက်ကနေ (၂၃) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ယောက် သေဆုံးပြီး နေအိမ် (၅) လုံး ပျက်စီးကာ အရပ်သားလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ NUG အစိုးရ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ၊ သိန်ရင်ဆည်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေ

ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။