ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့  Karenni Nationalities Defence Force (KNDF) ထံက သိရပါတယ်။

မိုးဗြဲမြို့ထဲ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၃ ရက်က စတင်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ဇူလိုင်လ ၆ ရက် ညနေပိုင်းအထိ အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီက လူနေအိမ်တွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိနဲ့ လုံခြုံ ရေးသတိရှိစွာ နေထိုင်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

Video – Karenni Nationalities Defence Force

0 Shares:
You May Also Like
Read More

ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDFကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်ကိုကို၏ ပြောကြားချက် (ရုပ်/သံ)

''ဘာကြောင့်အလင်းဝင်ရတာလဲဆိုတော့ စစ်တပ်ထဲ ကိုယ့်သဘောဆန္ဒနဲ့လည်း ဝင်ခဲ့တာမဟုတ်ဘူး။ သူများကိုလည်း ကျနော်မပစ်ချင်ဘူး၊ ကျနော်တို့လည်း အပစ်မခံချင်ဘူး။ အဲဒါကြောင့် မလို့ အလင်းလာဝင်တာပါဗျ။ MA-3 တစ်လက်၊ ကျည်ဘောက် ၂ ဘောက်ရယ် ယူလာခဲ့တယ်ဗျ''
Read More

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို ( ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်တဲ့ ရုပ်သံကို UK in Myanmar က ထုတ်ပြန်လိုက်ပါတယ်။