အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ facebook page ကို လာရောက်ဆက်သွယ်ကာ ဇူလိုင်လ ၄ ရက်နေ့မှာ ရောက်ရှိအလင်းဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၃ ယောက်ထဲက ၂ ယောက်ဟာ ခလရ ၂၇၃ တပ်ရင်းက ဖြစ်ပြီး ကျန်တဲ့ ၁ယောက်ကတော့ ခမရ ၂၅ တပ်ရင်းက ဖြစ်ပါတယ်။ သူတို့ဟာ လွတ်မြောက်နယ်မြေကို သွားချင်တာဖြစ်တာကြောင့် ပို့ဆောင်ပေးဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။

အသက် ၂၀ ဝန်းကျင်ရှိ အဆိုပါ အလင်းဝင် တပ်သားတွေဟာ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၁၂၀ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာခဲ့ပြီး သေနတ် ၁လက်ကို ငွေကျပ် သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ပေးမှာပါ။ ကျနော်တို့ ကြေညာထားတဲ့အတိုင်းပါပဲ။ သေနတ်နဲ့ အလင်းဝင်လာတဲ့သူ တစ်ဦးကို ကျပ်သိန်း ၅၀ တိတိ၊ သေနတ် ၂ လက်ဆိုတော့ ကျပ်သိန်း ၁၀၀ တိတိ ချီးမြှင့်ခဲ့ပါတယ်” လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံ အလင်းဝင်ရောက်လာသူများနှင့် ယူဆောင်လာသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း)

0 Shares:
You May Also Like
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

တောင်ဒဂုံက စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ဘုန်းကြီးရဲ့ညီဖြစ်သူ တိမ်းရှောင်နေလို့ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွား…

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြောင်းမဲ့ အထိုးခံရတာကြောင့် သွားရောက်တိုင်ကြားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ သေနတ်ဖောက် ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် အကြောင်းမဲ့ ထိုးနှက်ခံရမှုအတွက် သွားရောက်တိုင်ကြားကြရာမှာ ထောင်အာဏာပိုင်တွေက အဲ့လိုတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်ဖောက်ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ခရမ်းနဲ့ ကဝ နယ်ချင်းစပ်နေရာက ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လမှ ယခုချိန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား အမျိုးသား (၁၁၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။