စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 

စစ်မှုထမ်းရတဲ့အထဲမှာ ပိုက်ဆံချမ်းသာတဲ့သူတွေ၊ စစ်တပ်အသိုင်းအဝန်းနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ သားသမီးတွေ မပါဝင်ဘဲ အခြေခံလူတန်းစားတွေသာ တပ်သားသစ်စုဆောင်းခံနေရတာဖြစ်တယ်လို့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲက ဆိုပါတယ်။ 

”ဒီပေါ်တာဆွဲဥပဒေထွက်လာပြီး ရရှိလာတဲ့ အင်အားတွေဟာ တော်လှန်ရေးအတွက် အနှောက်အ ယှက်ဖြစ်စေတယ်ပေါ့။ စကစအတွက်က အချိန်ပဲလိုတာ။ သူမှာ ကျန်တာအားလုံးရှိတယ်။ ဒီအချိန် ကို သူများအသက်နဲ့ ဆွဲဆန့်နိုင်လို့ရှိရင် ကြာရင် ကျွန်တော်တို့ တော်လှန်ရေး ထိခိုက်နိုင်တယ်ပေါ့။ ဒါကြောင့်မလို အခြေခံလူတန်းစားတွေအနေနဲ့ ဒီစစ်ကောင်စီဘက်က သူဌေးသူကြွယ်တွေနဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးဗိုလ်ချုပ်တွေ ဆက်လက်အသက်ရှင်နိုင်ဖို့အတွက် ခင်ဗျားတို့ဘဝတွေ အသေခံမလား။ တော်လှန်ရေးမှာ ပူးပေါင်းမလားဆိုတာကို ခင်ဗျားတို့အနေနဲ့ စဉ်းစားသင့်ပြီ”လို့ ဆိုပါ တယ်။

တော်လှန်ရေးဟာ စနစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး  အလုပ်သမားက အလုပ်သမား၊ အလုပ်ရှင်က အလုပ်ရှင်စနစ်ကို တည်ဆောက်နေတာဖြစ်ပြီး တော်လှန်ရေးမအောင်မြင်ခဲ့ဘူးဆိုရင် အလုပ်သမားဟာ ကျွန်ဖြစ်ပြီးတော့ အလုပ်ရှင်ဟာ သခင်ဆိုတဲ့ စနစ်ဖြစ်နေလိမ့်မယ်လို့ ကိုဇွဲက ဆိုပါတယ်။ 

”အခြေခံလူတန်းစားတွေက စနစ်တစ်ခုကောင်းမှ လူ့အခွင့်အရေးနှင့်အညီ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအနေနဲ့ ခင်ဗျားတို့ဘဝတွေကို စစ်ကောင်စီအတွက် အသက်မပေးဘဲ ကျွန်တော်တို့နဲ့အတူ ပူးပါင်းပြီး ယိုင်နဲ့နဲ့ စစ်ကောင်စီကို တွန်းချပြီးတဲ့အခါ ခိုင်မာတဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ဖို့ တိုက်တွန်းနှိုး‌ဆော်ပါတယ်”လို့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲက ပြောကြားခဲ့ပါတယ်။

Video – Justice Soldier PDF Official

0 Shares:
You May Also Like
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ အပတ်စဉ် (၁၁)အတွက် သင်တန်းသားသစ်များ ခေါ်ယူ (ရုပ်/သံ)

Justice Soldier PDF တပ်ဖွဲ့မှ အပတ်စဉ် (၁၁) သင်တန်းစတင်တော့မှာဖြစ်တဲ့အတွက် သင်တန်း သားသစ်များ စိစစ်ခေါ်ယူလျက်ရှိတယ်လို့ Justice Soldier PDF မှထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

တောင်သာနှင့် ညောင်ဦးတွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီဘက်မှ အများအပြား သေ၊ တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးခဲ့ရကာ ၁ ဦး ပျောက်ဆုံးနေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁၁ ယောက်ကျဆုံးခဲ့ရကာ ၁ ယောက် ပျောက်ဆုံးနေကြောင်း Popa Production & Guerilla Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနောက်ပိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။