Chinland Defense Force , Kalay – Kabaw – Gangaw ( CDF – KKG ) တည်ထောင်ခြင်း ( ၄ ) နှစ် ပြည့်အခမ်းအနားနဲ့ CDF-KKG Major Operation အတွင်းစစ်ကောင်စီစခန်း ၅ ခုသိမ်းပိုက်ရရှိခဲ့မှု အတွက် ကျေးဇူးတော် ချီးမွမ်းပွဲကို CDF-KKG Battalion (3) မှာ ဇူလိုင် ၅ ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကလေး-ဂန့်ဂေါ လမ်းပိုင်းစိုးမိုးရေးအတွက် CDF-KKG တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ဟာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ ၂ လ ဝန်းကျင်ကြာမြင့်ခဲ့ပြီး ကလေးမြို့နယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီ စစ်စခန်းနဲ့ ကြံသာရွာ စစ်စခန်းတွေအပါအဝင် စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကောက်ရိတ်ပြန်လာတဲ့ အရပ်သား (၂၀၀) ကျော်ကို မတရားဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ အယောက် (၂၀၀) ကို ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးထားတယ်လို့ ရှေ့တန်းမြေပြင် သတင်းတွေအရ သိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်နှင့်ပေါင်းပြီး လူငယ်များကို ဖမ်းဆီးငွေရှာနေသူများနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာအား ပကဖ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့် လက်ပါးစေ PNO ပြည်သူ့စစ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၁၀၀ ခန့် ထိခိုက်သေဆုံးဟု ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးဝမြို့နယ်၊ အောင်ချမ်းသာစခန်းနှင့် မစိန်စခန်းတို့မှ စစ်သား (၁) ဦးနှင့် ပြည်သူ့စစ် (၁) ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အောင်ချမ်းသာစခန်းနဲ့ မစိန်စခန်းတို့က စစ်သား (၁) ယောက်နဲ့ ပြည်သူ့စစ် (၁) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် (၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။