စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က မနေ့က ထုတ်ပြန်ပါတယ်။

ရေရှည်စစ်ရှောင်နေရသော ကျေးရွာတစ်ရွာရှိ ခက်ခဲကျပ်တည်းနေတဲ့ အိမ်ထောင်စု ၅၈ စုစာအတွက် မိသားစုတစ်စုကို ဆန် ၈ ပြည်၊ ဆီ ၁ ပိဿာနဲ့ ဆား ၁ ပိဿာစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်အနေနဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၁၄၀ ကျော်အတွက် ဆေးကုသမှုပေးခြင်းနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ PLA က ဆိုပါတယ်။

အဆိုပါထောက်ပံ့မှုတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသနဲ့ အညာမြေ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ၊ ANTS – ပုရွက်ဆိတ်များ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများအား ဂုဏ်ပြုကြောင်း KNLA  တပ်မဟာ ၄ ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
Read More

ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံတို့ကို တာဝန်ကနေ ထုတ်ပယ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ကို ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က စီအိုင်ဒီ ရုံးအနောက်ပေါက်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တာဝန်ကျရဲ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။