ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက် နေ့လည်ပိုင်းက မိုးဗြဲမြို့ပေါ်တိုက်ပွဲအတွင်း အမှတ် ၁၀၀၇ -မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ရဲ့ တိုက်ခိုက်ရေးရဲဘော် တပ်စိတ်မှူး ရဲဘော် ဖရန်စစ္စကို (ခ) ဖကြောင်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်က်ု တော်လှန်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် ကျဆုံးရဲဘော် ဖရန်စစ္စကိုအနေနဲ့ တပ်ရင်းက ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့သလို တိုက်ပွဲတိုင်းမှာလည်း ရွပ်ရွပ်ချွန်ချွန် ပါဝင်ဆင်နွဲခဲ့တဲ့ တက်ကြွရဲရင့်တဲ့ ရဲဘော်တစ်ယောက် ဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က ဆိုပါတယ်။
ကျဆုံးရဲဘော်ရဲ့ ပေးဆပ်မှုဟာ တပ်ရင်းတပ်ဖွဲ့အတွက်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တဲ့အတွက် တပ်ရင်းမှ မိသားစုနဲ့ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရသလို ကျဆုံးရဲဘော်ရဲ့ စွန့်လွတ်စွန့်စားပေးဆပ်မှုကို အစဥ်အောက်မေ့သတိရကာ ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်းက ဆိုပါတယ်။
ကျဆုံး ရဲဘော် ဖရန်စစ္စကိုကို မိုးဗြဲ PDF – ၁၀၀၇ တပ်ရင်းရဲ့ ၂၄ ယောက်မြောက် ကျဆုံးအာဇာနည်သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုကာ အစဥ်အမြဲ အလေးနီဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။




