မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ ကင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့  Youth Guerrilla Counter Revolution -NZ မှ သတင်းထုတ်ပြန်ထား ပါတယ်။

ဆုံရွာ ပျူစောထီးခေါင်းဆောင် နေအိမ်မှာ ခိုးယူထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ပျူစောထီးတွေရဲ့ ထောက်ပို့ရိက္ခာတွေ သိမ်းဆည်းထားကြောင်း နယ်မြေခံအဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Fixed Wings’ Drone တွေ အသုံးပြုပြီး 2Kg ဗုံးသီး ၃လုံး၊ 600 gl ဗုံး ၁၀ လုံးကို ပျူစောထီး ခေါင်းဆောင်နေအိမ်နဲ့ ကင်းဂိတ်ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ ပြောက်ကျားတပ်ဖွဲ့ ၊ TGYR-Drone Team နဲ့ မြင်းခြံမြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video- Youth Guerrilla Counter Revolution -NZ

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူစခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က  Y8 လေယာဥ်နဲ့  ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ ကြားဖြတ်သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ယာဉ် ၁ စီး ပျက်စီးပြီး ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၈ ရက်က ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)ထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းမှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ဆိုင်ကယ်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ဆင်ရေးများမှ ပြန်လည်ရောက်ရှိလာသည့် အရှိုချင်းကာကွယ်ရေးတပ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲဘော်တွေကို နောက်တန်းမှာ ကျန်ရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက ကြိုဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ACDF က ထုတ်ပြန်လာပါတယ်။
Read More

ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝတွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။