တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာနဲ့ ဝါးဒင်းကျေးရွာကြားရှိ တော်လှန်ရေးပူး ပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်က ချောင်းမွန်ကျေးရွာနဲ့ ဝါးဒင်းကျေးရွာကြားရှိ တော်လှန်ရေးပူးပေါင်းအဖွဲ့ရဲ့ စစ် ဆေးရေးဂိတ်ကို နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့က ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ဆုတ် ခွာပေးခဲ့ပြီးမှ ဒုတိယအကြိမ် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ၄၀ မမ ဗုံးတွေ၊ ၆၀ မမ ဗုံးသီးတွေအပြင် လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ (၄)၊ ကော့သောင်းခရိုင် အမှတ် (၁)တပ်ရင်း၊ တပ်ခွဲ(၂)၊ S.O.F တပ်ခွဲ (PDF)၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Flying Star Force နဲ့  ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – PDF Kawthaung District Battalion 1 – P23201

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရင်း တရုတ်ရဲ့ စစ်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော အချင်းချင်း တိုက်မိ (ရုပ်/သံ)

အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရာ တရုတ်ရဲ့ စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတို့ အချင်းချင်းတိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က သြဂုတ် ၁၁ ရက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပါတယ်။ 
Read More

ချောင်းဦးမြို့နယ် မြပုလဲအထိုင်ဂိတ်က စစ်သားတွေ မိုင်းဆွဲခံရပြီး ဗိုလ် ၁ ယောက်အပါ ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်မှာ လမ်းကင်းယူဖို့ ရှင်းလင်းရေးလုပ်​ေနေတဲ့ အကြမ်းဖက်စစ်သားတွေကို  နိုဝင်ဘာ ၃ ရက်က M18 မိုင်း ၃ လုံး ၂ ပွိုင့်နဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် အပိုင်း(၂)

အညာပစ်တိုင်းထောင်လေးများအဖွဲ့က သဘာဝဘေးဖြစ်တဲ့ ငလျင်၊ အမေ့လျော့ခံ CDM များ၊ ပျူရွာပေါတဲ့ မင်းကင်းနယ် စစ်ရှောင်၊ စကစ၏ ယုတ်မာမှုများ၊ NUG အစိုးရယန္တရား၏ အလွဲများ စသည့်အကြောင်းအရာတွေနဲ့ တော်လှန်သံချပ် ဖျော်ဖြေမှုကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရှေ့တန်းက ပြန်လာတဲ့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ နေရာဒေသခံမရွေး ကျရာတာဝန်ကို ထမ်းဆောင်ပြီး ပြန်လာကြတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူများက ‌အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ် လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။