စစ်သည်အင်အား တဖြည်းဖြည်း ပိုမိုလျော့နည်းလာကာ တိုင်းပြည်နေရာအနှံ့မှာလည်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အာဏာရှင်ပီပီ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းပြီး အုပ်ချုပ်နိုင်ဖို့ ပိုမိုကြိုးစားလာနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီ ဖန်တီးတဲ့ အကြောက်တရားအောက်ကို ပြည်သူတွေ ရောက်မသွားဘဲ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်သားတွေသာ ပြည်သူ့ရင်ခွင်ခိုလှုံလာတာကြောင့် စစ်အုပ်စုက အင်အားလျော့နည်းသထက် လျော့နည်းလာကာ စစ်မှုထမ်း ပေါ်တာဆွဲမှုတွေအပြင် ပြည်သူတွေကို သတ်ဖြတ်ခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာဆိုရင် အထူးသဖြင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း အသတ်ခံရမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ကျေးရွာတွေထဲက မူးယစ်ဆေးဝါးသုံးစွဲသူ လူလတ်ပိုင်းအမျိုးသားတချို့ကို သေနတ်နဲ့ ပစ်သတ်ကာ သချိုင်းရှေ့ (ဒါမှမဟုတ်) လမ်းဆုံလမ်းခွတွေမှာ ချထားတာမျိုးတွေ ရှိလာပါတယ်။

ဇွန်လ ၁၂ရက်ကနေ ၁၅ရက်အတွင်း ဖားကန့်မြို့နယ် အောင်သာယာ၊ သာယာကုန်း၊ တောင်ယာကုန်းဘက်တွေမှာ အမျိုးသား ၇ယောက်ကို စစ်ကောင်စီတပ်သားတွေက ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အထက်ပါ သေဆုံးမှုတွေဟာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေ ကြောက်လန့်အောင် တမင် အကြောက်တရားရိုက်သွင်းဖို့ သတ်ဖြတ်ပြနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ ဇွန်လအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ ၁၀ ယောက်နဲ့အထက် ရှိလာခဲ့ပါပြီ။ မူးယစ်ဆေးသမားတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် ဇွန်လ ၃၀ ရက်နေ့မှာတော့ လုံးချင်းကျေးရွာမှာ သာမန်ပြည်သူတစ်ယောက်ကိုလည်း သတ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့တွင် အသတ်ခံခဲ့ရသည့် ဒေသခံပြည်သူတစ်ဦး

“ပထမက မူးယစ်ဆေးသမားတွေကိုဦးတည်ပြီးတော့ ပစ်တာပေါ့နော်။ လူ့ပတ်ဝန်းကျင်ကို သက်ရောက်မှုနည်းတာပေါ့နော်။ အခုကကျတော့ မူးယစ်ဆေးဝါးမဟုတ်တဲ့ လူတစ်ယောက်ကို ဦးတည်လာခဲ့ပြီနော်။ ပြည်သူတွေ တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေတာကို သူတို့ကမလိုချင်ဘူး။ လူသတ်တာတွေလုပ်ပြတာကို ပြည်သူတွေက မကြောက်ဘဲ တည်တည်ငြိမ်ငြိမ်လေးဖြစ်နေတာကို သူတို့ကမလိုချင်ဘူး။ သူတို့ကို ကြောက်စေချင်တာ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က အသတ်ခံရတဲ့ပြည်သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတိအကျမသိရှိရသေးသလို သူ့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လုံးခင်းကျေးရွာ သုဿာန်မှာထားရှိထားတယ်လို့ ဆိုပါတယ်။

စစ်ရှုံးကောင်စီတပ်ဟာ စိတ်ဓာတ်ရေးရာ လုံးဝပျက်ပြားနေပြီး တိုက်ပွဲတွေမှာ သေဆုံးမှု များပြားသလို၊ စခန်းစွန့်ခွာထွက်ပြေးသူတွေ၊ ဘက်ပြောင်းခိုလှုံသူတွေလည်း ရှိနေတာကြောင့် အဘက်ဘက်ကနေ အင်အားလျော့နည်းလာနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်မှုထမ်းဖို့အတွက် လူသိရှင်ကြားခေါ်ယူတာတွေ ရှိသလို အသက်မပြည့်သေးသူတွေကိုပါ မသိသူမသိ ပေါ်တာဆွဲတာတွေလည်း ရှိနေပါတယ်။

အဲဒီထဲမှာမှ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ၁၅ နှစ်အရွယ် စစ်သုံ့ပန်း မောင်နေထက်လင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က မေးမြန်းတဲ့အခါ “ရန်ကုန်မှာအကင်းရောင်းနေရင်းနဲ့ ပေါ်တာနဲ့ မိတာ၊ ပြီးတော့ သူတို့သင်တန်းကျောင်းကို ပို့တယ်၊ ရဟတ်ယာဉ်နဲ့ အင်မထီးရွာကိုပို့တယ်၊ အင်မထီးရွာကနေ လက်နက်ခဲယမ်းတွေပေးပြီးတော့ တပ်စိတ်ခေါ်ပြီးတော့ စစ်ကြောင်းထိုးတယ်၊ သူတို့က ထိတာတွေများလာတော့ သူတို့ပြန်ပြီးဆုတ်သွားတာပေါ့၊ ညီလေးအိပ်ပျော်ကျန်ခဲ့တယ်၊ သူတို့က မနှိုးသွားဘဲ ပြန်ဆုတ်သွားတယ်” လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ မတရားသတ်ဖြတ်ခံရသူတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လကလောက် သေဆုံးမှု မများခဲ့ဘူးလို့ ဆိုကြပါတယ်။

“တစ်လအတွင်းကိုပေါ့.. တခြားဖမ်းခေါ်သွားပြီးမှ စစ်ကြောရေးမှာ သေဆုံးတာတွေလည်း ရှိခဲ့တယ်။ အခုလိုမျိုး လမ်းပေါ်မှာ လုပ်ကြံခံရတဲ့ပုံစံမျိုးဟာကတော့ အခုဆို ၁၀ ယောက်ကျော်ပြီ။ ဒါက တစ်လအတွင်း အများဆုံးဖြစ်စဥ်လို့ ပြောလို့ရသလို ဒီ ၁၀နှစ်အတွင်းဖြစ်ဖြစ် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ဖြစ် ဒီအဖြစ်ကတော့ ဒါကတော့ အများဆုံးဖြစ်စဥ်လို့ ပြောလို့ရပါတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေနဲ့လည်း ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်တယ်ဆိုတာ သေချာမသိရတဲ့ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ မသက်ဆိုင်ကြောင်း ထုတ်ပြန်တာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ အထက်ပါ ဒေသခံက အကြံပြုပြောဆိုခဲ့ပါတယ်။

“KIA ကလည်း သူအုပ်ချုပ်တဲ့ကာလမှာဆိုရင် အခွန်ကောက်တာတွေကြမ်းတယ်။ မပေးရင် မရဘူးပေါ့နော်။ မပေးရင် ဒီမှာမလုပ်စားနဲ့။ တစ်ခြားတစ်နေရာမှာ သွားနေ။ ကချင်ပြည်နယ်မှာနေရင်တော့ ဒီလိုအခွန်ဆောင်ရမှာပဲဆိုပြီးတော့ အဲ့လိုနိုင်ထက်စီးနင်းလုပ်တာမျိုးတွေရှိတယ်။ KIA ကလည်း အုပ်ချုပ်မှု စနစ်လေးပြင်ပေးရင်တော့ ပိုပြီးတော့ ထောက်ခံမှုရလာနိုင်တာပေါ့”

0 Shares:
You May Also Like
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

ရေကြီးမှုကြောင့် မြန်မာပြည်သူ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။