ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ထိုင်းအထက်လွှတ်တော်အမတ်တွေရဲ့ အသနားခံစာကို လက်ခံဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်လိုက်သလို ထိုင်းအစိုးရပြောင်းလဲဖွဲ့စည်းခြင်းကို တော်ဝင်အမိန့်ပြန်တမ်းက ဒီနေ့မနက်ပိုင်းမှာ အတည်ပြုပြီးနောက် အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ Reuters)

တရားရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အမှုကို ခုံရုံးတင်နေချိန်အတွင်း ၀န်ကြီးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်မှု မပြုလုပ်ဖို့ အမိန့်ချထားတာဖြစ်ပါတယ်။

ဒီအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ခံလိုက်တဲ့အတွက် စီရင်ချက်မချမှီအထိ ထိုင်းဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအထက်လွှတ်တော်အမတ် ၃၆ ယောက်က တင်သွင်းတဲ့ လျှောက်လွှာမှာ ပေထုန်တန်နဲ့ ကမ္ဘောဒီးယားအထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ရဲ့ ဖုန်းပြောဆိုမှုအသံဖိုင်ကို စုံစမ်းစစ်ဆေးဖို့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

မြန်မာစစ်အုပ်စု၏ လက်နက်များ၊ လေယာဉ်ဆီအပါ စစ်ရေး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ငွေကြေး စီးဆင်းမှုများ ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ဖို့ ကုလတွင် ဦးကျော်မိုးထွန်း ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားလို့ စိတ်ပျက်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော၊ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရမယ်လို့ ဆို

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနေရင်း ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။